ရစ်တတ်တဲ့မိန်းကလေးတွေရဲ့ နောက်ကွယ်မှာ ချစ်စိတ်တွေရှိတယ်။

blank

မောင်ရေ…။

သိပ်ရစ်တဲ့ ချစ်ကိုစိတ်ညစ်နေပြီလား။ ချစ် ရစ်တယ်ဆိုတာ မောင့်ကိုသိပ်ချစ်လို့ပါလို့ပြောတိုင်း မောင်က “ဘာမှလည်းမဆိုင်ဘူး” လို့ပြောပြီး ချစ်ကိုဟာသလုပ်တတ်တယ်နော်။ တကယ်တော့ ရစ်တတ်တဲ့ မိန်းကလေးတွေဟာ အချစ်တတ်ဆုံးသူတွေဆိုတာကို မောင်သိလား။

Clinical Psychology at NYU School of Medicine က MD ဖြစ်တဲ့ ဒေါက်တာ Charles Goodstein ရဲ့ အဆိုအရ ရစ်တယ်ဆိုတာက တစ်စုံတစ်ယောက်ရဲ့ စိတ်အာရုံကို ကိုယ့်ဖက်ပါအောင် ဆွဲခေါ်ခြင်းပဲဖြစ်တယ်တဲ့။ မောင့်ရဲ့စိတ်အာရုံကိုတစ်ယောက်တည်း သိမ်းပိုက်ထားချင်တဲ့အတွက် မကြာခဏဆိုသလို ရစ်မိတဲ့အတွက် စိတ်မဆိုးပါနဲ့မောင်။ လိုရာဆွဲတွေးပြီး ပြောတယ်လို့တော့ မထင်ပါနဲ့နော်။

ဤဆောင်းပါးကို ဂန္ထဝင်မှရေးသားတင်ဆက်သည်။

တစ်ခါတလေကျရင် မောင်အသက်ရှူကြပ်လောက်အောင် ရစ်မိတာတွေကိုလည်း လျှော့နိုင်ဖို့ ကြိုးစားပါ့မယ်နော်။ ဒါပေမဲ့ ရစ်တာတွေကို လျှော့လိုက်ရင် ချစ်တာတွေများပဲ့ပါသွားမလားလို့လည်း စိုးရိမ်မိတယ်။

ဒါ့ကြောင့် နည်းနည်းလေးပိုတိုးပြီး ရစ်မယ်။ ခွင့်လွှတ်ပြီး ချစ်ပေးနော်။

မောင့်ရဲ့

ကလေးဆိုးလေး…