သင့်ဘဝမှာ ဘယ်လိုရပ်တည်ရှင်သန်မလဲ။

blank

စာချစ်သူတို့ရေ……..

ဘဝမှာ အမှားတွေလုပ်ခဲ့မိလို့ နောင်တတွေရလာရင်လည်း လက်ခံနိုင်ဖို့ သတ္တိမွေးထားပါ။ အခုချိန်မှာ ကိုယ်ဘယ်လိုရပ်တည်ရှင်သန်နေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ကွဲကွဲပြားပြားသိနေရင် ဘာကိုမှ ရှက်ကြောက်နေစရာမရှိပါဘူး။ ကိုယ့်အနာဂတ်တည့်တည့်ကို ကြည့်ပြီး လုပ်သင့်တာကို မလုပ်ရသေးရင် ကိုယ့်မှာ ချို့ယွင်းချက်တွေ ရှိနေလို့ပါပဲ။

လဲကျရင် ပြန်ထပြီး အားယူမယ်၊

ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားသုံးသပ်မယ်၊

မှတ်သားစရာရှိတာတွေ မှတ်သားထားမယ်၊

လေ့လာစရာရှိတာတွေ လေ့လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်ဟာ အရှုံးသမားတစ်ယောက် မဟုတ်ပါဘူး။ ကျရှုံးခဲ့တာပါ။ သင့်မှာ အချစ်တွေ မရှိတော့တာမဟုတ်ပါဘူး။ အချစ်တွေ ပျောက်ဆုံးခဲ့တာပါ။ သင်အထီးကျန်နေတာ မဟုတ်ပါဘူး။ အခြားသူတွေ သင့်အပေါ်မှာ ခဏတာ ကျောခိုင်းနေကြတာပါ။ အမှားတွေ လုပ်ခဲ့ဖူးတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကြောင့် ကိုယ်နဲ့မကိုက်ညီတဲ့ ဘဝတစ်ခုမှာ  အံဝင်ခွင်ကျဖို့ မကြိုးစားပါနဲ့။ ကိုယ့်ဘဝအတွက် လှပမှုနဲ့ ကြံ့ခိုင်မှုတွေကို လက်ခံမွေးမြူပါ။ အချိန်တွေ ကြာလာတာနဲ့အမျှ သင့်ကိုယ်သင် ပြောင်းလဲနိုင်ပါလိမ့်မယ်။

စာချစ်သူတို့ရော ဘဝအခက်အခဲတွေကြောင့် ယိုင်လဲသွားရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအားပေးဖြစ်လဲ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။