ဘာကြောင့် စိတ်နှလုံးကို ဆိတ်ငြိမ်အေးချမ်းအောင်တည်ဆောက်သင့်တာလဲ

blank

          ၂ဝ၁၉ ခုနှစ်ကတော့ ဘာလိုလိုနဲ့ ပြီးဆုံးသွားပြီနော်။ ၂ဝ၁၉ တစ်နှစ်လုံးမှာ ပြောင်းလဲမှုတွေ၊ သတင်းကောင်းတွေ၊ သတင်းဆိုးတွေ အများကြီးရှိခဲ့တယ်မဟုတ်လား။ လာမယ့် ၂ဝ၂၀ မှာလည်း ပြောင်းလဲမှုတွေ ကြုံရဦးမှာပါပဲ။ ကံတရားက သတ်မှတ်ပေးထားပြီးသားဖြစ်တာကြောင့် ကောင်းတဲ့ပြောင်းလဲမှုတွေကိုပဲ မျှော်လင့်နေလို့ မဖြစ်ပါဘူး။ ဒါပေမဲ့ မတူညီတဲ့ အခြေအနေတွေကြားမှာ ဘဝကို ပျော်ရွှင်ကောင်းမွန်စွာ ဖြတ်သန်းနိုင်အောင်ဖို့ သင်ကိုယ်တိုင် ကြိုးစားလို့ရပါတယ်။

         စိတ်တွေတည်ငြိမ်အေးချမ်းပြီး ပေါ့ပါးစေဖို့ မနက်ခင်းတိုင်းမှာ အချိန် ၅မိနစ်လောက်ယူပါ။ ဖုန်းသံတွေ၊ ကလေးငိုသံတွေ၊ မိဘတွေရဲ့ ဆူပူသံတွေ၊ ဂီတသံတွေ မရှိဘဲ တိတ်ဆိတ်နေတဲ့ အချိန် ၅မိနစ်ပေါ့။ အဲဒီ ၅မိနစ်စာအချိန်လေးအတွင်းမှာ အသက်မှန်မှန်ရှူပါ၊ တရားထိုင်ပါ၊ အတွင်းစိတ်ကို အေးချမ်းသွားအောင် တည်ဆောက်ယူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

         ဆူညံသံတွေနဲ့ ကမ္ဘာကြီးမှာ လူတော်တော်များများက တိတ်ဆိတ်ငြိမ်သက်ခြင်းကို မွတ်သိပ်စွာတောင့်တတတ်ကြပါတယ်။ ဒါပေမဲ့ လူတော်တော်များများက တိတ်ဆိတ်ခြင်းကို ဘယ်လိုအသုံးချရမှန်းမသိကြပါဘူး။ သင်လည်း တိတ်ဆိတ်ခြင်းကို အကျိုးရှိရှိအသုံးချနိုင်ခဲ့သလား။ အသုံးမချနိုင်ခဲ့လည်း မပူပါနဲ့။ ၂ဝ၂၀ ဆိုတဲ့ နှစ်သစ်မှာ စိတ်နှလုံးကို ကောင်းစွာ အနားပေးဖို့၊ ဘဝမုန်တိုင်းတွေကြားက တိတ်ဆိတ်ခြင်းကို ရှာဖွေဖို့၊ လောကကြီးတစ်ခုလုံးကို အကောင်းမြင်စိတ်မွေးနိုင်ဖို့ အခွင့်အရေးရှိနေလို့ပါပဲ။

         ဒါကြောင့် သင့်စိတ်နှလုံးရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကို တစိုက်မတ်မတ်ရှာဖွေပါ။ ဘာလို့လဲဆိုတော့ စိတ်ရဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းကို တွေ့ပြီဆိုတာနဲ့ သင်လိုချင်နေတဲ့ သင့်ဘဝမေးခွန်းတွေအတွက် အဖြေတွေကို တွေ့နိုင်မှာမို့လို့ပါပဲ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။