ဒီနေ့ သင်ကြိုးစားနေတယ်ဆိုတာ မနက်ဖြန် သင့်အနာဂတ်ကောင်းဖို့ပါ။

blank

စာချစ်သူတို့ရေ….

နောက်ငါးနှစ်နေရင် သင်ဘယ်လိုလူတစ်ယောက်ဖြစ်လာမယ်ဆိုတာ သင်အခုဖတ်နေတဲ့ စာအုပ်တွေရယ်၊ လက်ရှိ သင် ပေါင်းသင်းနေတဲ့သူတွေရယ်ပေါ်မှာ မူတည်နေပါတယ်။ အနာဂတ်မှာ သင်ဘယ်လိုလူဖြစ်လာမယ်ဆိုတာလည်း အခုပစ္စုပ္ပန်မှာ သင်ဘာတွေလုပ်နေလဲဆိုတဲ့ပေါ် မူတည်ပါတယ်။ သင့်အနားကလူတွေရဲ့ အမြင်ရယ်၊ သင်ဖတ်တဲ့စာအုပ်တွေရယ်၊ သင်ကြည့်တဲ့ဇာတ်လမ်းတွေထဲက ကောင်းတဲ့အရာတွေဖြစ်စေ၊ ဆိုးတဲ့အရာတွေဖြစ်စေ၊ ဒီအရာတွေဟာ သင့်အနာဂတ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် အကောင်းမြင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် တည်ဆောက်ထားပါ။ ကိုယ်ကာယကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းတွေ၊ သင်စားသောက်တဲ့အရာတွေအားလုံးရဲ့ အကျိုးဆက်တွေအားလုံးကလည်း သင့်အနာဂတ်ပေါ်မှာပဲ အကျိုးသက်ရောက်ပါတယ်။ သင် ယခုလက်ရှိနေထိုင်စားသောက်တဲ့ပုံစံ၊ အမူအကျင့်တွေအားလုံးဟာ သင့်အနာဂတ်ကို ပုံဖော်ပေးပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ သာယာပျော်ရွှင်ဖို့ အခုကတည်းက အလေ့အကျင့်ကောင်းလေးတွေ လုပ်သွားသင့်ပါတယ်။

သင်ကော….သင့်အနာဂတ်အတွက် ဒီနေ့မှာ ဘာလေးတွေ ပြင်ဆင်နေပြီလဲ။