ရင့်ကျက်ပြီဆိုတာပြောနိုင်မယ့် အရည်အသွေး ၁ဝ ခု

blank

စာချစ်သူတို့ရေ…

ရင့်ကျက်ခြင်းဆိုတာ လူတိုင်းပိုင်ဆိုင်ချင်ကြတဲ့အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောကဓံကို ရင်ဆိုင်တဲ့အခါမှာ ရင့်ကျက်မှုရှိရင် အကောင်းဆုံးကျော်ဖြတ်နိုင်တယ်လို့ ယူဆကြတာကြောင့် ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ရင့်ကျက်သူတွေပိုင်ဆိုင်ထားကြတဲ့ အရည်အသွေး ၁ဝ ခုပဲ ဖြစ်ပါတယ်။

၁။ တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါတုံ့ပြန်မဲ့အစား ကိုယ်ပိုင်ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်။

၂။ အရာရာကို သတိနဲ့လုပ်ဆောင်တတ်ပြီး ကိုယ့်အပြုအမူတိုင်းအတွက် တာဝန်ယူမှုရှိတယ်။

၃။ ကိုယ့်မှာမရှိတာတွေအတွက် ညည်းညူနေမဲ့အစား ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက် ကျေးဇူးတင်စိတ် ရှိတယ်။

၎။ ကိုယ့်ဖြစ်တည်မှုကိုယ် အရှိအတိုင်းလက်ခံပေးနိုင်တယ်။

၅။ တခြားသူတွေလိုပဲ ကိုယ့်မှာလည်း မသိသေးတဲ့အရာတွေအများကြီးရှိတယ်ဆိုတာ နားလည်သဘောပေါက် တယ်။

၆။ တခြားသူတွေဘက်ကို ထည့်သွင်းစဉ်းစားပေးတတ်တယ်။

၇။ သူ့နေရာနဲ့သူ ရှက်ကြောက်တတ်ပြီး နှိမ့်နှိမ့်ချချနေတတ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၈။ အခြေအနေအချိန်အခါကိုကြည့်ပြီး လိုက်လျောညီထွေနေတတ်တယ်။

၉။ တစ်ဖက်သားအပေါ် လွယ်လွယ်နဲ့ ကဲ့ရဲ့အပြစ်တင်တာမျိုးမရှိဘဲ ပွင့်လင်းရိုးသားတဲ့စိတ်ရှိတယ်။

၁ဝ။ ဘဝမှာ ထပ်တိုးတက်စရာနေရာတွေအမြဲတမ်းရှိနေတယ်ဆိုတာ သိတယ်။

သင်ကော အထက်ပါအချက်လေးတွေထဲက ဘယ်နှချက်ကို ပိုင်ဆိုင်ထားပြီးပြီလဲဆိုတာ comment box မှာ ရေးခဲ့ပါဦးနော်။