လူကုန်ကူးမှုတွေ ကြားသိနေရတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့

blank

စာချစ်သူတို့ရေ….။

အခုခေတ်ကြီးမှာ ကျွန်မတို့ကိုခြိမ်းခြောက်နေတာကတော့ “လူကုန်ကူးမှု” ဆိုတဲ့ အန္တရာယ်ကြီးပါပဲ။ အဲ့ဒီအန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့အတွက် ပြင်ဆင်ကာကွယ်ထားနိုင်တဲ့ နည်းလမ်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သတိနဲ့ ယှဉ်ပြီး သွားလာလှုပ်ရှားပါ။ ဘတ်စ်ကားစီးတဲ့အခါ၊ လမ်းသွားတဲ့အခါ ဖုန်းကြည့်နေတာမျိုးကို ရှောင်ကြဉ်ပါ။ လူတစ်ယောက်ယောက်က ကိုယ့်ကိုနောက်ယောင်ခံနေတယ်လို့ ယူဆရင် ယုံကြည်ရတဲ့လူတစ်ယောက်ကို ဖုန်းခေါ်ပါ။

၂။ လူပြတ်တတ်တဲ့နေရာတွေ၊ ဝေးတဲ့နေရာမျိုးတွေကို သွားရင် အဖော်နဲ့သွားပါ။ တစ်ယောက်တည်း သွားလာတာမျိုးရှောင်ကြဉ်ပါ။

၃။ အပြင်သွားတဲ့အခါ အိမ်ကလူတွေကို ပြောသွားပါ။ လူသစ်တွေနဲ့ တွေ့ဆုံဖို့သွားတဲ့အခါ သူနဲ့ပတ်သက်ပြီး သိတဲ့အချက်အလက်တွေကို အိမ်ကိုပြောပြထားပါ။ Location Share ထားပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်၊ သူစိမ်းတွေက အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကံစမ်းမဲပေါက်တာတွေနဲ့ ဆွယ်ပြီး စကားလာပြောတိုင်း စကားမပြောပါနဲ့။ လူတွေက အမျိုးသားတွေထက် အမျိုးသမီးတွေကို ပိုယုံတတ်တယ်ဆိုတဲ့ သဘောတရားကိုအသုံးချပြီး အမျိုးသမီးတွေကနေတဆင့် လူကုန်ကူးဖို့ ဖျားယောင်းသွေးဆောင်တတ်ပါတယ်။

၅။ ဖေ့စ်ဘုတ်ပေါ်မှာ status တွေတင်တဲ့အခါ location share ပြီး တင်တာမျိုး၊ ကိုယ်သွားစရာ လာစရာရှိတဲ့အရာတွေကို ကြိုပြီးတင်ထားတာမျိုးတွေကိုရှောင်ပါ။ Status တင်တဲ့အခါ public နဲ့ တင်တာမျိုးထက် friend only နဲ့ပဲ တင်ပါ။

၆။ တစ်စုံတစ်ယောက်က ကိုယ့်နောက်ကို နောင်ယောင်ခံလိုက်တာမျိုး၊ တစ်ခုခုကြံစည်တဲ့အခါမျိုးမှာ စိတ်ကိုငြိမ်ငြိမ်ထားပါ။ အသံကျယ်ကျယ်နဲ့ အော်ပါ။ Pepper Spray ဆောင်ထားပါ။

သင်ချစ်ခင်ရသူတွေအတွက် ဝေမျှပေးလိုက်ပါဦးနော်။