ကောင်းမွန်တဲ့အရာတွေ ကိုယ့်ထံရောက်လာစေဖို့ ဒီအရာတွေ ရပ်တန့်လိုက်ပါ။

blank

မှားယွင်းတဲ့အရာတွေကို ရပ်တန့်လိုက်တာဟာ ကောင်းမွန်တဲ့အရာတွေ ကိုယ့်ထံရောက်လာဖို့ အခွင့်အရေးပေးလိုက်တာပါ။ “အတိတ်ကို သွားပြီး အရာအားလုံးကို အသစ်က တစ်ဖန်ပြန်စလို့ မရပေမယ့် ဘဝမှာ နောက်ထပ်နောင်တတွေမရအောင်တော့ ဒီကနေ့မှာပဲ စတင်နိုင်ပါတယ်” လို့ မာရီယာ ရော်ဘင်ဆန် (Maria Robinson) က ပြောခဲ့ဖူးပါတယ်။ ကြုံရခဲတဲ့ ဘဝမှာ နောင်တတွေ မရရလေအောင် ဒီအရာလေးတွေကို ရပ်တန့်ဖို့ ကြိုးစားပါ။

၁။ ကိုယ်နဲ့ မထိုက်တန်သူတွေအတွက် အချိန်ပေးနေတာကို ရပ်တန့်လိုက်ပါ။

၂။ ပြဿနာကို ရင်ဆိုင်မဖြေရှင်းဘဲ ရှောင်ပြေးဖို့လုပ်နေတာကို ရပ်တန့်လိုက်ပါ။

၃။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာကို ရပ်တန့်လိုက်ပါ။

၎။ ကိုယ့်လိုအပ်ချက်တွေကို လျစ်လျူရှုနေတာကို ရပ်တန့်လိုက်ပါ။

၅။ ဘဝမှာ ဟန်ဆောင်နေထိုင်ဖို့ ကြိုးစားနေတာကို ရပ်တန့်လိုက်ပါ။

၆။ အတိတ်ကို ဖက်တွယ်ထားတာကို ရပ်တန့်လိုက်ပါ။

၇။ အမှားလုပ်မိမှာ ကြောက်ရွံ့နေတာကို ရပ်တန့်လိုက်ပါ။

၈။ အတိတ်က အမှားတွေအတွက် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်နေတာကို ရပ်တန့်လိုက်ပါ။

၉။ ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်ယူဖို့ ကြိုးစားနေတာကို ရပ်တန့်လိုက်ပါ။

၁ဝ။ တစ်ပါးသူရဲ့ ပျော်ရွှင်မှုကိုပဲ ရှေးရှုနေတာကို ရပ်တန့်လိုက်ပါ။

၁၁။ အဆင်မပြေတဲ့ Relationship တစ်ခုမှာ တွယ်ကပ်နေတာကို ရပ်တန့်လိုက်ပါ။

၁၂။ Relationship တစ်ခုမှာ ခဲမှန်ဖူးတဲ့ စာသူငယ်လို ပြုမူနေတာကို ရပ်တန့်လိုက်ပါ။

၁၃။ လူတွေအားလုံးနဲ့ ဆန့်ကျင်ပြီး ယှဉ်ပြိုင်အနိုင်ရဖို့ ကြိုးစားနေတာကို ရပ်တန့်လိုက်ပါ။

၁၄။ တခြားသူတွေကို မနာလိုဖြစ်နေတာ ရပ်တန့်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၅။ ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် သနားနေတာကို ရပ်တန့်လိုက်ပါ။

၁၆။ အငြိုးအတေးတွေထားနေတာကို ရပ်တန့်လိုက်ပါ။

၁၇။ တခြားသူတွေကြောင့် ကိုယ့်ဘဝကို နိမ့်ကျအောင် လုပ်နေတာကို ရပ်တန့်လိုက်ပါ။

၁၈။ တစ်ပါးသူကို ကိုယ့်အကြောင်း ဖြေရှင်းပြနေတာကို ရပ်တန့်လိုက်ပါ။

၁၉။ မရပ်မနားဘဲ အရာတစ်ခုတည်းကို ထပ်ခါတလဲလဲ လုပ်နေတာကို ရပ်တန့်လိုက်ပါ။

၂ဝ။ တိုတောင်းတဲ့ အခိုက်အတန့်လေးတွေရဲ့ အလှအပကို အသိအမှတ်မပြုနိုင်လောက်အောင် အကြည့်လျှမ်းနေတာကို ရပ်တန့်လိုက်ပါ။

၂၁။ အရာအားလုံးကို ပြီးပြည့်စုံအောင် ကြိုးစားနေတာ ရပ်တန့်လိုက်ပါ။

၂၂။ အဆင်မပြေဘဲနဲ့ အဆင်ပြေသယောင် ဟန်ဆောင်နေတာကို ရပ်တန့်လိုက်ပါ။

၂၃။ ကိုယ့်ပြဿနာတွေအတွက် တခြားသူတွေကို အပြစ်တင်နေတာ ရပ်တန့်လိုက်ပါ။

၂၄။ လူတိုင်းအတွက် အရာအားလုံးဖြစ်ဖို့ ကြိုးပမ်းနေတာကို ရပ်တန့်လိုက်ပါ။

၂၅။ အလွန်အကျွံစိတ်ပူပန်နေတာကို ရပ်တန့်လိုက်ပါ။

၂၆။ ကိုယ်မဖြစ်ချင်တဲ့အရာတွေအပေါ်မှာ အာရုံစိုက်နေတာကို ရပ်တန့်လိုက်ပါ။

၂၇။ ကျေးဇူးမသိတတ်တာကို ရပ်တန့်လိုက်ပါ။

စာချစ်သူတို့ကော ဘယ်အချက်တွေကို ရပ်တန့်နိုင်ခဲ့ပြီးပြီလဲ။