ရင်းနှီးသူတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရရင်

blank

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေမှာ စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းမှုတွေရှိနေပါတယ်။ ကိုယ်နဲ့ရင်းနှီးတဲ့သူတစ်ယောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရရင် ကိုယ့်အနေနဲ့ဘယ်လိုတွေကူညီပေးရမလဲဆိုတဲ့ အကြံပြုစကားလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သူတို့ပြောတဲ့စကားတွေကို မှတ်ချက်မပေးဘဲ အစအဆုံးနားထောင်ပေးပါ။ သူတို့ခံစားနေရတဲ့ ဒေါသတွေ၊ ကြောက်ရွံ့မှုတွေ၊ ဝမ်းနည်းမှုတွေကို နားလည်ပေးပါ။ သူတို့မပြောပြချင်တဲ့ အကြောင်းအရာတွေကို ဇွတ်အတင်းမေးတာမျိုးကိုရှောင်ကြဉ်ပါ။

၂။ သူတို့ပြောတာတွေကိုယုံကြည်ပေးပါ။ လေးလေးစားစားနားထောင်ပေးပါ။ သင်ဟာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ အားလုံးကိုပြင်ဆင်ပေးနိုင်မယ့်သူတစ်ယောက်ဖြစ်ဖို့၊ သူတို့ရဲ့ခံစားချက်တွေကို လျော့ပါးအောင် ပြောပြပေးမယ့်သူတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး။ သူတို့ကိုယုံကြည်တဲ့သူတစ်ယောက်၊ ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို မှတ်ထားပါ။

၃။ သူတို့ပြောတာတွေကို နားထောင်ပြီးတဲ့နောက်မှာ “ယုံကြည်ကြည်နဲ့ ရင်ဖွင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်” “ ဖြစ်ခဲ့တာတွေမှာ မင်းအပြစ်လုံးဝမရှိပါဘူး” “ဖြစ်ပျက်ခဲ့တဲ့အရာတွေက ငါတို့ရဲ့ခင်မင်မှုအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပါဘူး” စတာတွေနဲ့ နှစ်သိမ့်ပေးပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၎။ သူတို့ကို မသိမသာနဲ့ စောင့်ကြည့်ပေးပါ။ သူတို့ချချင်တဲ့ ဆုံးဖြတ်ချက်တွေကို တည့်မှတ်မှန်ကန်အောင် ဂရုစိုက်ပေးပါ။

၅။ သူတို့ကိုထူးဆန်းတဲ့အရာတွေကို ဆက်ဆံသလိုမျိုး၊ သနားတာမျိုးတွေမလုပ်ပါနဲ့။ အရင်ကလိုပဲ ပုံမှန်ပြောဆိုဆက်ဆံပေးပါ။ ကျွမ်းကျင်သူတွေဆီက အကြံယူပြီး ဆောင်သင့်၊ ရှောင်သင့်တာတွေကို လေ့လာပါ။