လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရသူအတွက် အိတ်ဖွင့်ပေးစာ။

blank
Sad depressed fail down perforated paper

ရဲရင့်သူုကြီးရေ…။

ပထမဦးဆုံးပြောချင်တာက မင်းအနေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတာကို အားလုံးသိအောင် ထုတ်ဖော်ပြောပြခဲ့တဲ့အတွက် မင်းကသိပ်ကိုရဲရင့်တာပဲလို့ပေါ့။ မင်းဟာ super women ဝတ်စုံ ဝတ်မထားတဲ့ ဟီးရိုးတစ်ယောက်ပါ။

ပြီးတော့ မင်းကိုကျေးဇူးတင်တယ်။ မင်းဟာ လုပ်ငန်းခွင်တွေထဲမှာ၊ အိမ်တွေထဲမှာ၊ ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရတဲ့သူတွေကို ကိုယ်စားပြုပေးတဲ့ အသံတစ်သံပါပဲ။ မင်းရဲ့ဇာတ်လမ်းကိုဝေမျှပေးခြင်းဟာ အဲ့ဒီလိုဖြစ်ရပ်မျိုးတွေကို လျှော့ချပေးနိုင်လိမ့်မယ်လို့ တို့ယုံကြည်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မင်းအဲ့ဒီလိုအကြမ်းဖက်ခံခဲ့ရတဲ့အတွက် တို့စိတ်မကောင်းဘူး။ မင်းဟာ အဝတ်အစားလည်း လုံလုံခြုံခြုံဝတ်ထားသလို မင်းလုပ်ရမယ့်အလုပ်တွေကို အကောင်းဆုံးလုပ်နေတဲ့သူတစ်ယောက်လေ။ မင်းခံစားနေရတဲ့စိတ်ပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျမှုတွေက ဘာနဲ့မှနှိုင်းဆလို့ရမှာမဟုတ်ဘူးဆိုတာ တို့သိတယ်။ တချို့ဝေဒနာတွေဆိုတာ ခံစားရသူသာသိနိုင်တဲ့ အရာတွေမဟုတ်လား။

မင်းကိုအကြံပေးချင်တာက မင်းကိုယ်မင်းမှန်မှာကြည့်ပါ။ မင်းရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ပါ။ မင်းဟာသိပ်ကိုရဲရင့်တဲ့ ခြင်္သေ့မလေးဆိုတာကို မှတ်ထားပါ။ မင်းမလုပ်ခဲ့တဲ့အမှားတွေအတွက် မင်းကိုဘယ်သူမှဒဏ်ခတ်လို့မရဘူးဆိုတာ သိထားပါ။ လူတွေရဲ့ စပ်စုတဲ့အကြည့်တွေ၊ ဝေဖန်တဲ့စကားတွေဟာ မင်းရဲ့သံမဏိစိတ်ဓာတ်ကို မဖြိုလဲနိုင်ဘူးဆိုတာ သိထားပါ။ မင်းမှာဘာအပြစ်မှမရှိပါဘူး။ တို့ပြောတာကို ယုံတယ်မဟုတ်လား။
မင်းဘဝကို လိပ်ပြာလုံစွာလျှောက်လှမ်းပါ။ မင်းကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့ သူတွေနဲ့ မင်းဘဝကို ဝန်းရံထားပါ။ မင်းရဲ့မျက်လုံးတွေကိုအခုလိုပဲ တောက်ပနေအောင်၊ အပြုံးတွေကို လင်းလက်နေအောင်တန်ဆာဆင်ထားပါနော်။
မင်းကိုအမြဲတမ်းအားပေးနေမယ့်…

ဂန္ထဝင်….