နှစ်သစ်အတွက် လူတွေပြင်ဆင်ဖို့မေ့နေကြတဲ့အရာ

blank

မိတ်ဆွေတို့ရေ…

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တော့မယ်နော်။ ပိုကောင်းတဲ့နှစ်သစ်ကို ပိုင်ဆိုင်နိုင်ဖို့ ဘာလေးတွေ ပြင်ဆင်နေကြပြီလဲ။

  • တချို့တွေက ပိုအောင်မြင်ဖို့ ပြင်ဆင်နေကြပြီ။
  • တချို့တွေက ပိုလှပအောင် နေနိုင်ဖို့ ပြင်ဆင်နေကြပြီ။
  • တချို့တွေက အခက်အခဲတွေကို ပိုကျော်လွှားနိုင်ဖို့ စိတ်ဓာတ်ခွန်အားသစ်တွေ စုဆောင်းနေကြပြီ။
  • တချို့တွေက ငွေကြေးအဆင်မပြေမှုတွေမကြုံရစေဖို့ ပိုစုဆောင်းနေကြပြီ။
  • တချို့တွေက….။

ပြင်ဆင်နေကြတာတွေတော့ အများကြီးပါပဲ။ ဒါပေမဲ့ အများစုက နှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ်ပိုချစ် တတ်လာအောင် ပြင်ဆင်ဖို့တော့ မေ့နေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ လူတစ်ယောက်ရဲ့ စစ်မှန်တဲ့အောင်မြင်ပျော် ရွှင်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းကနေ စတင်ရတာပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်မှ တကယ်အောင်မြင် အောင် ကြိုးစားမှာပါ။ ဘယ်သူ့တိုက်တွန်းမှုမှမပါဘဲ ကိုယ့်ကိုယ်ကိုယ်ပိုလှပအောင်နေချင်မှာပါ။ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ အရှုံးမပေးဘဲ ရင်ဆိုင်ကျော်လွှားမှာပါ။

တစ်နှစ်တာလုံး၊ တစ်ဘဝတာလုံး ငွေကြေးကိစ္စမ ပူပန်ရအောင် စီမံစုဆောင်းမှာပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းဆိုတာ ကိုယ့်ဘဝကောင်းကျိုးကို လမ်းညွှန်ပေးနိုင် တဲ့အရာဖြစ်တာကြောင့် နှစ်သစ်အတွက်ပြင်ဆင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်အရင်ကထက် ပိုချစ်မယ်ဆိုတဲ့ အ ချက်လေးကိုလည်း ထည့်ထားဖို့ မမေ့ပါနဲ့နော်။

သင်ကော နှစ်သစ်မှာ သင့်ကိုယ်သင် ပိုချစ်ဖို့အဆင်သင့်ဖြစ်နေပြီလား။