မိုဟာနား (Moana) ကာတွန်းကားကနေ ရခဲ့တဲ့ အကြီးမားဆုံးသင်ခန်းစာ (၃) ခု

blank

(၂ဝ၁၆) ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒစ်ဒနီ ကာတွန်းကားတစ်ကားဖြစ်တဲ့ Moana ဟာ Walt Disney ရဲ့ လူကြိုက်အများဆုံးဇာတ်ကားတွေထဲက တစ်ခုဖြစ်ပါတယ်။ စွန့်စားလိုစိတ်ရှိတဲ့ မိုဟာနားလေးရဲ့ ပင်လယ်ပြင်ခရီးဟာ ကြည့်ရှုသူတွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားလေးကနေ ရခဲ့တဲ့ ဘဝသင်ခန်းစာ (၃) ခုကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

 blank

မိုဟာနာလေးဟာ အခြားလူတွေက အန္တရာယ်ကြီးတယ်လို့ သတ်မှတ်ထားတဲ့  ပင်လယ်ပြင်ထဲကို  သက်တောင့်သက်တာရှိတဲ့အခြေအနေတွေကနေ ရုန်းထွက်ပြီးထွက်လာခဲ့ပါတယ်။ သူမရဲ့ ရည်မှန်းချက်ပြင်းပြမှုကြောင့် သဘာဝတရားကြီးကတောင် သူမကို အိပ်မက်တွေပြည့်ဝဖို့ ကူညီပေးခဲ့ရတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

blank

မိုဟာနာဟာ သူမရဲ့စိတ်တွင်းက အသံတွေကို နားထောင်ပြီး “Voyage ancestors” တွေကို ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူမပင်လယ်ပြင်ထဲကို ရွက်လွှင့်နေချင်ခဲ့တဲ့ အကြောင်းအရင်းတွေကို ရှာတွေ့ခဲ့တာပေါ့။

blank

မိုဟာနာဟာ မူယီ က ကမ္ဘာကြီးကို ကယ်တင်မယ့်သူလို့ ထင်ပြီး သူ့ကိုတစ်ချိန်လုံး တွယ်ကပ်နေခဲ့ပါတယ်။ တကယ်တော့ သူမကိုယ်သူမအားကိုးရတဲ့အချိန်ကျမှ သူမဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ အစွမ်းတွေရှိနေတယ်ဆိုတာကို သိလာခဲ့ပြီး တကယ်လည်းလုပ်နိုင်ခဲ့ပါတယ်။

သင်ကော… မိုဟာနာ ကာတွန်းကားလေးကို ကြည့်ပြီး ဘာသင်ခန်းစာတွေရခဲ့လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။