အေးအေးဆေးဆေးသမားတွေက ပိုပြီး ဉာဏ်ကောင်းတတ်ကြတယ်တဲ့။

စာချစ်သူတို့ရေ…..

သင်က အပေါင်းအသင်းတွေနဲ့ လျှောက်သွားလည်ပတ်နေရတာထက် တစ်ယောက်တည်းနေရတာ ကြိုက်တဲ့သူလား။

ညနေခင်း အားလပ်ချိန်တွေမှာ ပါတီတွေတက် အချိန်ဖြုန်းနေရတာထက် အိပ်ရာထဲမှာ အွန်လိုင်းသုံးနေရတာကို ကြိုက်နှစ်သက်တယ်ဆိုရင် သင်ကအေးအေးဆေးဆေးသမားတစ်ယောက် ဖြစ်နိုင်ပါတယ်။ အဲ့ဒါဆိုရင်တော့ သင့်အတွက် သင်ဂုဏ်ယူလိုက်ပါတော့။  လေ့လာမှုအသစ်တွေအရ တစ်ယောက်တည်းနေတာကို ကြိုက်တဲ့သူတွေဟာ ဉာဏ်ရည်မြင့်မားသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သာမန်အားဖြင့် သူငယ်ချင်းတွေနဲ့ ရောရောနှောနှောနေလေ၊ ပိုပျော်စရာကောင်းလေလို့ လူတွေက ပြောကြပါတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းသူတွေဟာ တစ်ယောက်တည်း အေးအေးဆေးဆေး နေရတာကို ပိုကြိုက်ကြတယ်လို့ လေ့လာမှုအသစ်တွေအရ ဖော်ပြထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှေးအဘိုးအဘွားတွေ လက်ထက်ကတည်းက သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာက ဘဝရှင်သန်မှုအတွက် အရေးကြီးတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီအဆိုကို ဉာဏ်ရည်မြင့်သူတွေက လက်မခံကြပါဘူး။ တစ်ယောက်တည်းနေတာမျိုးပဲဖြစ်ဖြစ် ပတ်ဝန်းကျင်အသစ်အဆန်းတွေမှာ ပြောင်းလဲနေထိုင်တာမျိုးကပဲဖြစ်ဖြစ် မှတ်ဉာဏ်ကောင်းစေတယ်လို့လည်း တချို့သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။

သင်ရော တစ်ယောက်တည်းနေရတာကြိုက်လား။ Comment box မှာ ဖြေခဲ့ပါဦးနော်။