သူတစ်ပါးကို ခွင့်လွှတ်တာဟာ သင့်ကိုယ်သင်နာကျင်မှုတွေဆီက လွတ်မြောက်ခွင့်ပေးတာပါ။

blank

စာချစ်သူတို့ရေ…

  • တစ်ယောက်ယောက်အတွက် သင်ဝမ်းနည်းနေတယ်ဆိုရင်
  • တစ်ယောက်ယောက်ကို သင်ဒေါသထွက်နေတယ်ဆိုရင်
  • တစ်ယောက်ယောက်အပေါ် အငြိုးအတေးတွေကို သင်ဆုပ်ကိုင်ထားတယ်ဆိုရင်

ပထမဆုံးနာကျင်နေရမယ့်သူဟာ သင်ကိုယ်တိုင်ပါပဲ။ မှန်ပါတယ်။ သင့်မှာရှိနေတဲ့ ခံစားမှုတွေအတွက် သင်ကိုယ်တိုင်အရင်နာကျင်ရပါတယ်။ လူတိုင်းရဲ့ဘဝမှာ “ သူတို့ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး” ဆိုတဲ့ စကားမျိုး တခြားသူတွေပြောတာကြားဖူးသလို၊ ကိုယ်တိုင်လည်း ပြောဖူးကောင်း ပြောဖူးနိုင်ကြပါတယ်။ ဒါဟာ အင်အားကြီးမားလှတဲ့ ပူလောင်စရာ စိတ်ခံစားချက်ကြီးတစ်ခုကို ရင်ထဲဆုပ်ကိုင်ထားလိုက်တာပါ။ တစ်နည်း အားဖြင့် ပြီးပြီးသားတွေကို အသစ်ဖြစ်နေအောင် ကိုယ်တိုင်ဖန်တီးယူထားတာပါ။

အဲ့ဒီအတွက် အဆုံးသတ်မှာ တကယ်ပေးဆပ်လိုက်ရတဲ့သူက ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပါ။

တကယ်တော့ အငြိုးအတေးတွေကို ဆုပ်ကိုင်ထားတာဟာ ဝန်ထုပ်ဝန်ပိုးတွေကို သယ်ဆောင်ထား တာနဲ့ အတူတူပါပဲ။ အတိတ်ကဒဏ်ရာတွေကို သက်သာပျောက်ကင်းခွင့်မပေးဘဲ ရှည်ကြာအောင် ဆွဲဆန့် ထားနေကြတာပါ။ ပြီးပြီးသားတွေကို ထပ်ခါထပ်ခါတွေးနေခြင်းအားဖြင့် နာကျင်မှုတွေကို ထွက်ခွာမသွားနိုင် အောင် ဆွဲထားကြတာပါ။

တစ်ခါတစ်ရံလည်း “သူတို့တောင်းပန်မှ ကျေအေးပေးနိုင်မယ်” ဆိုတဲ့ စကားမျိုးလည်း ပြောတတ်ကြ တယ်။

တကယ်လို့ သူတို့ဘက်က မတောင်းပန်တော့ရင်ကော သင့်အတွင်းစိတ်ငြိမ်းချမ်းမှုကို ဘယ်တော့မှ မရနိုင်တော့ဘူးလား။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်ချစ်တဲ့သူတစ်ယောက်ယောက်က သင့်အပေါ် အကြင်နာတရားမဲ့စွာ တစ်ခုခုပြုမူခဲ့ရင်တောင် ချစ်တဲ့စိတ်နဲ့ သူတို့အပြုအမူတွေကို သင်ခွင့်လွှတ်ပေးနိုင်တယ်။ သင့်ကိုယ်သင်လည်း နာကျင်စရာ အတိတ်ရဲ့ အငြိုးအတေးတွေထဲက လွတ်မြောက်ခွင့်ပေးသင့်တာ အမှန်ပါပဲ။

ဘာကြောင့်လဲဆိုတော့…

  • သင်ကလည်း သင့်စိတ်ငြိမ်းချမ်းမှုနဲ့ ထိုက်တန်လို့ပါ။
  • နာကျင်ခံစားမှုတွေဆီက လွတ်မြောက်ဖို့ ထိုက်တန်လို့ပါ။
  • ရှေ့ဆက်သွားဖို့ ထိုက်တန်လို့ပါ။

အငြိုးအတေးတွေကို ကြာကြာဆုပ်ကိုင်ထားတာနဲ့အမျှ ငြိမ်းချမ်းမှုနဲ့ ပိုဝေးလေဖြစ်တာကြောင့် သင့် ကိုယ်သင်ချစ်ရင် နာကျင်မှုတွေဆီက လွတ်မြောက်ခွင့်ပေးလိုက်ပါနော်။

ခံစားမှုရသစာစောင်လေးတွေကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။