ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ဘာကြောင့် အလွန်အရေးကြီးတာလဲ။

စာချစ်သူတို့ရေ…

ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းလို့ ဆိုလိုက်ရင် ဘာကို အရင်ဆုံးပြေးမြင်မိကြပါသလဲ။ စိတ်ပညာရှင်များစွာရဲ့ လေ့လာတွေ့ရှိမှုအရတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ကြင်နာမှုရှိခြင်းတို့ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်စေတဲ့ သောကတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ စိတ်ဓာတ်ကျခြင်းတွေမဖြစ်အောင် အဓိကကာ ကွယ်ပေးတဲ့အရာတွေလို့ ဆိုပါတယ်။ အဲ့ဒီစိတ်တွေကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတွေတော့ နည်းနည်းရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းလို့ ဆိုလိုက်ရင် အများစုက ကိုယ့်အတွက် မရှိမဖြစ် အရာတစ်ခုလို့မြင်ရမယ့်အစား ဇိမ်ခံချင်တဲ့စိတ်တစ်ခုလို့ မြင်ကြတာကြောင့်ပါ။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါ ဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့၊ ကြင်နာဖို့က လူတိုင်းအတွက် မဖြစ်မနေလိုအပ်ပါ တယ်။ အထူးသဖြင့် အလုပ်ကြိုးစားသူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပိုမိုပျော်စရာကောင်းတဲ့ဘဝဖြစ်ဖို့ အမြဲကြိုးစား အားထုတ်နေသူတွေ၊ ကိုယ့်အချစ်ရေးကို ပြီးပြည့်စုံမှုရှိဖို့ အမြဲမျှော်လင့်နေသူများအတွက် ပိုလိုအပ်ပါတယ်။ လူ အများစုမှာ အရာရာကို အကောင်းဆုံးဖြစ်စေချင်တဲ့စိတ်၊ အမှန်ကန်ဆုံးဖြစ်စေချင်စိတ်တွေရှိကြပါတယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြစ်တင်ဝေဖန်မှုတွေအများကြီးပြုလုပ်မိကြတယ်။ အဆိုးဆုံးကတော့ “ အရင်က လုပ်ခဲ့တာတွေလောက် ကောင်းနိုင်မှာမဟုတ်ဘူး” လို့ ကိုယ့်အတွင်းစိတ်က ကိုယ့်ကိုယ်ကိုယ်အမြဲပြောနေမိတဲ့ အသံပါပဲ။ တခြားသူတွေဝေဖန်တာထက် ကိုယ့်ကိုယ်ကိုယ် ဝေဖန်တာက ပိုများနေတဲ့အတွက် ကြာလာတဲ့ အခါမပျော်ရွှင်တော့ဘဲ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းနဲ့ကိုယ့်ကိုယ်ကိုယ်ကြင်နာမှုရှိခြင်းကတော့ အဲ့ဒီလိုပူပန်စရာတွေ၊ ကိုယ့်ကိုယ်ကိုယ် အလိုမကျမှုတွေဆီ ကနေ လွတ်မြောက်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် တကယ်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့၊ ကြင်နာမှုရှိဖို့နဲ့ အရှိကိုအရှိအတိုင်းလက်ခံနိုင်အောင် ကြိုးစားဖို့ မမေ့သင့်ပါဘူး။

သင်ကော သင့်ကိုယ်သင် ချစ်ခင်ကြင်နာမှုရှိသူလား။