ရိုးသားစစ်မှန်သူတွေရဲ့ လေးစားအားကျဖွယ်ရာ စရိုက်လက္ခဏာများ

blank

၁။ မှန်ကန်သောစကားကို ဆိုခြင်း။

စစ်မှန်စွာနေထိုင်တတ်သူတွေက မှန်ကန်တဲ့စကားကိုပဲ ဆိုတတ်ကြပါတယ်။ သူတို့ရဲ့အမြင်တွေနဲ့ အတွေးတွေကို မျှဝေတတ်ကြတယ်။ အရေးမပါတဲ့ အလိမ်အညာစကားတွေအတွက် ခေါင်းရှုပ်မခံတတ်ကြဘူး။ “ရိုးသားမှုသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည်” လို့ ခံယူထားတတ်ကြပါတယ်။

၂။ စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်း။

တစ်ဖက်လူပြောတဲ့စကားကို စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်းကလည်း စစ်မှန်တဲ့သူတစ်ယောက်ရဲ့ လက္ခဏာပါ။ သူများပြောစကားကို အာရုံစိုက်ပြီးနားထောင်ပေးတာ၊ ပြီးတော့ အကောင်းဆုံးနှစ်သိမ့်အကြံပေးတာမျိုးတွေပေါ့။

၃။ သူတစ်ပါးရဲ့ နှစ်ခြိုက်မှုကို မမက်မောခြင်း။

နှစ်ခြိုက်ခံရခြင်းဆိုတာ စစ်မှန်တဲ့သူတွေ ဂရုမစိုက်တဲ့အရာတစ်ခုပေါ့။ ကိုယ့်စိတ်ရဲ့အလိုအတိုင်း လုပ်တယ်၊ ဘယ်သူတွေ ဘာပြောပြောဂရုမစိုက်ဘူး။ စစ်မှန်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ပတ်ဝန်းကျင်က လိုတဲ့စကား၊ မလိုတဲ့စကားတွေကို လျစ်လျူရှုတတ်ဖို့ လိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ရက်ရောစွာပေးကမ်းတတ်ခြင်း။

စိတ်ဓာတ်အရပဲ သဒ္ဓါတရားရှိတာမဟုတ်ပါဘူး။ သူတို့ပိုင်ဆိုင်သမျှအရာတွေကိုလည်း လိုအပ်နေသူတွေကို မျှဝေပေးကမ်းတတ်ကြပါတယ်။ အသိအမြင်ဗဟုသုတတွေကိုလည်း မျှဝေတတ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း။

စစ်မှန်စွာနေထိုင်တတ်သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိကြပါတယ်။ ကိုယ်ကိုင်အရည်အချင်းတွေကို ယုံကြည်ကြပြီး အရှိအတိုင်း ဟန်ဆောင်မှုကင်းစွာ နေတတ်ကြပါတယ်။ သူများတွေကို ဆွဲဆောင်နိုင်တဲ့ သူတို့ရဲ့လက္ခဏာတစ်ရပ်ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါပဲ။

သင့်မှာ ဒီလိုအမူအကျင့်လေးတွေရှိနေပြီဆိုရင် သင်သာတကယ်စစ်မှန်တဲ့သူပါ။ ဂုဏ်ယူစွာနဲ့ ဒီဆောင်းပါးလေးကို SHARE လိုက်ပါဦးနော်။