သင့်ကိုယ်သင်တကယ်ဂရုစိုက်တယ်ဆိုရင်…

blank

၁။ ကိုယ်ပိုင်စည်းမျဉ်းလေးတွေ ချမှတ်ထားပါ။

၂။ သင်လက်မခံနိုင်တဲ့အရာတွေကို ငြင်းဆန်ပါ။

၃။ သင့်တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့အရာတွေကို ငြင်းဆန်ပါ။

၎။ တန်ဖိုးရှိတဲ့သင့်အချိန်တွေကို လုယူနေတဲ့အရာတွေကို ငြင်းဆန်ပါ။

၅။ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေနဲ့ ပေါင်းသင်းပါ။

၆။ သင့်ကိုယ်သင် ကောင်းတဲ့စကားတွေပဲ ပြောပါ။

၇။ သင့်ခံစားချက်တွေကို မချိုးနှိမ်ဘဲ လွတ်လပ်စွာ ခံစားခွင့်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၈။ အမှားလုပ်မိရင် သင့်ကိုယ်သင် ခွင့်လွှတ်ပါ။

၉။ သင့်စွမ်းအင်ကို ကုန်ခန်းစေတဲ့လူတွေနဲ့ ဝေးဝေးနေပါ။

၁ဝ။ သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပါ။

တကယ်တော့ သင့်ကိုယ်သင် ဂရုစိုက်တယ်ဆိုတာ သင့်ရဲ့စိတ်၊ ခံစားချက်၊ ရုပ်ပိုင်းဆိုင်ရာ အားလုံးကို ဂရုစိုက်မှုပေးခြင်းပါပဲ။ သင့်အတွက် လိုအပ်နေတဲ့ ကိုယ်၊ စိတ်အာဟာရတွေကို ဖြည့်ဆည်းပေးခြင်းပါပဲ။ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်တဲ့ပုံစံချင်း တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပေမဲ့ အဓိကရည်ရွယ်ချက်က စိတ်ကော၊ ကိုယ်ပါ ကောင်းမွန်တိုးတက်မှုကို ရှေးရှုတာပါ။ ပုံမှန်ကျင့်သုံးသွားရင် ဘဝမှာ ပိုနေပျော်လာပြီး ဘဝကိုလည်း အများကြီး တိုးတက်ပြောင်းလဲသွားစေနိုင်တာကြောင့် သင်လည်း သင့်ကိုယ်သင်ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

သင်ချစ်တဲ့သူတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။