ကိုယ့်ဆီမှာ ရှိတဲ့အရာတွေကို တန်ဖိုးထားပါ။

မောင်ဘနဲ့ မောင်မြ သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုကို ဖြတ်ပြီး လမ်းလျှောက်လာကြပါတယ်။ လမ်းခရီးတစ်ဝက်မှာ နှစ်ယောက်သား စကားများကြပြီးတော့ မောင်ဘက မောင်မြပါးကို ရိုက်လိုက်ပါတယ်။ မောင်မြဟာ နာသွားပေမယ့် စကားတစ်ခွန်းမှမပြောဘဲ သဲပေါ်မှာ “ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ကို ပါးရိုက်လိုက်တယ်” လို့ စာရေးလိုက်ပါတယ်။

ဆက်လမ်းလျှောက်လာရင်းနဲ့ အိုအေစစ်တစ်ခုတွေ့တဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်ဟာ ရေချိုးဖို့ ပြင်ဆင်ကြပါတယ်။ ဒီအခါမှာ မောင်မြဟာ နွံထဲနစ်သွားပါတယ်။ မောင်ဘက သူ့ကို ကယ်ဆယ်လိုက်ပါတယ်။ နွံထဲက ပြန်တက်နိုင်လာတဲ့အခါမှာတော့ မောင်မြက “ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ဆယ်ခဲ့တယ်” လို့ကျောက်တုံးပေါ်မှာ ရေးခဲ့ပါတယ်။

ဒီအခါမှာ မောင်ဘက “ငါ မင်းကို နာကျင်စေခဲ့တုန်းက မင်းက သဲပေါ်မှာရေးခဲ့ပြီးတော့ အခု ငါ မင်းကို ကယ်တော့ ဘာလို့ကျောက်တုံးပေါ်မှာ ရေးတာလဲ” လို့ မေးမြန်းလိုက်ပါတယ်။ ဒီအခါမှာ မောင်မြက “တစ်စုံတစ်ယောက်က ငါတို့ကို နာကျင်စေတဲ့အခါမှာ ဒါကို သဲပေါ်မှာပဲ ရေးသင့်တယ်။ ဘာလို့လဲဆိုတော့ ခွင့်လွှတ်မှုဆိုတဲ့ လေတိုက်တဲ့အခါမှာ အလွယ်တကူပဲ လွှင့်ပါးသွားနိုင်တယ်လေ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ငါတို့အတွက် ကောင်းတာ လုပ်ပေးတဲ့အခါမှာတော့ ဘယ်လေကမှ မပျောက်ပျက်သွားစေတဲ့ ကျောက်တုံးပေါ်မှာပဲ ရေးထိုးတာအကောင်းဆုံးပဲလေ” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီး နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။