Single နဲ့ RS ဘယ်သူ ပိုဂေါ်လဲ

blank

ညီမလေးရေ…။

Facebook ပေါ်က relationship status မှာ single လို့ ပြူးပြူးကြီးပေါ်နေလို့ ငါတော့ ဂွမ်းပြီလို့ စဉ်းစားမိနေလား။ တကယ်တော့ ညီမလေးက ပိုပြီးဂေါ်တယ်ဆိုတာကိုကော သိလား။ ဘာဖြစ်လို့လဲဆိုတော့ Single ဖြစ်နေတဲ့အခါ…

ကိုယ့်အချိန်တွေကို ကိုယ့်ပါကိုယ်စီမံခန့်ခွဲနိုင်ပြီး ဘဝကို တိုးတက်မြင့်မားအောင်လုပ်လို့ရတယ်။

ကိုယ်ဖြစ်ချင်တာကို ဖြစ်ချင်သလို ပုံဖော်လို့ရတယ်။

သူငယ်ချင်းတွေအတွက် အချိန်အများကြီးပေးနိုင်တယ်။

ဝါသနာတွေအတွက်အချိန်ပေးနိုင်တယ်။

ဘေးနားလာဝဲတဲ့လိပ်ပြာလေးတွေရဲ့ အလှကိုလည်း ငေးမောလို့ရတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဆိုရှယ်မီဒီယာပေါ်မှာပေးမိတဲ့ love reaction လေးတွေအတွက်လည်း အူတိုမယ့်သူမရှိဘူးဆိုတော့ လွတ်လွတ်လပ်လပ်အသည်းပေးလို့ရတယ်။

အခြားလူတစ်ယောက်ရဲ့ အကောင့်ကိုလိုက်ချောင်းရင်း ရင်မောမနေဘဲ အေးအေးလူလူနေလို့ရတယ်။ နားပူနားဆာလုပ်မယ့်သူမရှိတော့ ဂေါ်ချင်တိုင်းဂေါ်၊ ကဲချင်တိုင်းကဲလို့ရတယ်။

ကဲ… ညီမလေး။

Single လား RS လား။ Lady ကြိုက်တာရွေး။