တစ်ယောက်ယောက်နဲ့ အငြင်းပွားတဲ့အခါ ဒီအချက်လေးတွေ ပြန်သတိရပါ။

blank

၁။ သင့်ဘက်ကချည်း အမြဲတမ်းမမှန်နိုင်ပါဘူး။

၂။ အငြင်းပွားရခြင်းရဲ့ရည်ရွယ်ချက်က အနိုင်ရဖို့ မဟုတ်ပါဘူး။

၃။ အရာရာတိုင်းကို သင်မသိနိုင်ပါဘူး။

၎။ ပြဿနာပိုကြီးလာတယ်ထင်ရင် ဆက်မပြောသင့်တော့ပါဘူး။

၅။ သင်နားလည်နေတိုင်း တစ်ဖက်က နားလည်မှာ မဟုတ်ပါဘူး။

၆။ ဖြေရှင်းနည်းအပေါ်ပဲ အာရုံစိုက်ပါ။ ပြဿနာမှာပဲ တဝဲလည်လည်လုပ်မနေသင့်ပါဘူး။

၇။ အကြောင်းအရာတစ်ခုတည်းကို ထပ်ခါထပ်ခါပြောနေတိုင်း  တစ်ဖက်က နားလည်လာမှာ မဟုတ်ပါဘူး။

၈။ အသံကျယ်ကျယ်အော်ပြောတိုင်း တစ်ဖက်က ကြားမယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ အငြင်းပွားမှုဆိုတာ ကစားနည်းတစ်ခုမဟုတ်သလို ယှဉ်ပြိုင်မှုတစ်ခုလည်း မဟုတ်ပါ ဘူး။ ကိုယ်မှန်တယ်၊ သူများမှားတယ်ဆိုပြီး သက်သေပြဖို့လည်း မဟုတ်ပါဘူး။ အငြင်းပွားတဲ့အခါ သင့်ဘက်က အနိုင်ရဖို့ပဲ အားထုတ်နေတယ်ဆိုရင် မပြိုင်ခင်ကတည်းက သင် ရှုံးနှင့်နေပါပြီ။ ဘာလို့လဲဆိုတော့ အငြင်းပွားမှု ဆိုတာက ပြောဆိုဆက်ဆံမှုဖြစ်စဉ်တစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် လွဲနေတဲ့ နားလည်မှုတွေ ပြန်တည့် မတ်ဖို့၊ အပြန်အလှန်ခံစားချက်တွေ မျှဝေဖို့၊ စိတ်ကျေနပ်စရာအဖြေတစ်ခုကို ညှိနှိုင်းဖို့နဲ့ တွေ့ကြုံရတာကို အ မှားအမှန် ဆင်ခြင်သုံးသပ်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် အငြင်းပွားမှုနဲ့ကြုံရတဲ့အခါ ပြဿနာပြေလည်ဖို့ပဲ ဦးတည်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုခြင်းနဲ့ ပိုကောင်းအောင် ဖြေရှင်းတာက အကောင်းဆုံးပါပဲ။

သင်ကော အငြင်းပွားမှုတွေနဲ့ ကြုံလာတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေကျင့်သုံးဖြစ်လဲ။