သွားဖြဲပြီးရယ်ပါ။ အပြုံးတွေက သင့်ကိုအသက်ရှည်စေတယ်တဲ့လေ။

blank

သင်တို့အုပ်စုထဲမှာ နားရွက်နဲ့ပါးစပ်ချိတ်မိမတတ် ရယ်မောနေတတ်တဲ့ အရယ်သန်သူလေးတွေရှိလား။

သင်ကကော ပျော်ပျော်နေသေခဲဆိုတဲ့ စကားကိုလက်ကိုင်ထားပြီး အမြဲပြုံးရယ်နေတတ်လား။

ရှေးလူကြီးတွေကကော “ရယ်သောသူအသက်ရှည်၏” လို့ ဘာကြောင့်ပြောခဲ့တာလဲသိလား။

စာချစ်သူတို့ရေ…

ရယ်မောခြင်းမှာ ကျန်းမာရေးကောင်းကျိုးတွေ များစွာရှိနေတယ်ဆိုတာကိုတော့ ကျွန်မတို့အားလုံးသိကြပါတယ်။ ရယ်မောခြင်းအားဖြင့် ဒေါသတွေပြေစေတယ်။ စိတ်ညစ်တာပျောက်စေတယ်။ စိတ်ကိုကြည်လင်စေတယ်။ ရယ်မောခြင်းဟာ ကျန်းမာရေးကိုကောင်းမွန်စေတယ်ဆိုတာကို သက်သေပြဖို့ လေ့လာသူတွေက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဟာသကားကြည့်နေတဲ့ လူတွေရဲ့ နှလုံးခုန်သံတွေကို လေ့လာကြည့်လိုက်တဲ့အခါ အားရပါးရရယ်တဲ့ လူတွေရဲ့ နှလုံးဟာ ပုံမှန်လောက်ပဲရယ်တဲ့သူရဲ့ နှလုံးထက်အခြေအနေပိုကောင်းတာကိုတွေ့ရှိခဲ့ရပါတယ်။ အားရပါးရ ရယ်တာက စိတ်ခံစားမှုကိုကောင်းမွန်စေရုံတင်မကဘဲ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတယ်ဆိုတာ အဲ့ဒီလေ့လာမှုက သက်သေပဲမဟုတ်လား။

ဒါ့ကြောင့်… အသက်ရှည်ချင်တယ်ဆိုရင် Say Cheese လို့ အကျယ်ကြီးအော်ပြီး တစ်ရက်တစ်ခါတော့ အားရပါးရရယ်လိုက်ရအောင်။