သင့်ကိုယ်သင်ချစ်ရင် ဒီစကားလေးတွေနဲ့ သင့်မနက်ခင်းကို နိုးထလိုက်ပါ။

blank

ငါ့မှာ ထူးခြားတဲ့စွမ်းရည်ရှိတယ်။

ငါ့မှာ တခြားသူတွေနဲ့မတူတဲ့ ကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။

ငါ့မှာ ကိုယ်ပိုင်အလှတရားရှိတယ်။

ငါမလုပ်နိုင်တဲ့အရာတွေရှိပေမဲ့ ငါလုပ်နိုင်တဲ့အရာတွေလည်း အများကြီးရှိတယ်။

ဒီနေ့ငါလုပ်နေတဲ့အရာတွေဟာ ငါ့မနက်ဖြန်လှပဖို့အတွက်ဖြစ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ငါ့မနက်ဖြန်ဆိုတာ ငါကိုယ်တိုင်တည်ဆောက်ယူရမှာ ဖြစ်တဲ့အတွက် ငါမဟုတ်တဲ့ လူတွေရဲ့ ကဲ့ရဲ့ပြစ်တင်စကားတွေ၊ နှိမ့်ချစကားတွေကို နားထောင်ခံစားပြီး ငါ့ကိုယ်ငါ စိတ်ဖိစီးမှုတွေ ပေးစရာမလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့ ငါဟာ တခြားသူမဟုတ်ဘဲ ငါသာဖြစ်တဲ့အတွက် ငါ့ကိုယ်ငါ လက်ခံရမယ်။ ငါ့ကိုယ်ငါသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။ ငါအားငယ်နေရင် ငါ့ဘာသာ ပြန်အားပေးရမယ်။ ငါလဲကျရင် ငါ့ဘာ သာငါပြန်ထူရမယ်။

အဲ့ဒီအရာအားလုံးအတွက် ငါ့ကိုယ်ငါ ချစ်ရမယ်။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။