တစ်ယောက်တည်းဖြစ်နေရခြင်းဟာ အားသာချက်တစ်ခုပါ။

blank

ဘဝဆိုတာ ရှုပ်ထွေးလွန်းပြီး ကမောက်ကမတွေဖြစ်တတ်တာကြောင့် တစ်ခါတလေမှာ တကယ်အရေးပါတဲ့အရာကို မေ့လျော့သွားပြီး တခြားအရာတွေဆီ လွယ်လွယ်ကူကူ အာရုံလွှဲသွားမိတတ်ပါတယ်။ နေ့စဉ်ဘဝရဲ့ အာရုံလွဲစရာတွေကနေ ရှောင်ထွက်ပြီး ကိုယ့်ရဲ့ ဦးစားပေးအရာတွေပေါ်မှာ ပြန်အာရုံစိုက်နိုင်အောင် အချိန်ပေးဖို့ဆိုတာ အရေးကြီးတယ်ဆိုတာထက်ကို ပိုပါတယ်။

တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မယ်ဆိုတာကို တွေးပူနေတာတွေ၊ ကိုယ့်ရဲ့ idols တွေ instagram မှာ ဘယ်လောက်အောင်မြင်နေတယ်ဆိုတာတွေ၊ ကိုယ့်ပြိုင်ဖက်တွေမှာ ဘာတွေ မရှိလဲဆိုတာတွေအားလုံးကို မေ့ထားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အတွင်းစိတ်ကို အောင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လိုက်နိုင်တာနဲ့ တစ်ပြိုင်နက် ဒီကနေ အားအင်တွေယူလိုက်ပြီးတော့ ဘဝမှာ အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့ စတင်လျှောက်လှမ်းလိုက်ပါ။
တစ်ယောက်တည်းဖြစ်နေရမှာကိုမကြောက်ပါနဲ့။ တစ်ယောက်တည်းဖြစ်နေရခြင်းကို ချစ်မြတ်နိုးပါ။ အားသာချက်အဖြစ် အသုံးချပါ။ အောင်မြင်မှုတွေဆိုတာ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ခြင်းကနေ စတင်ဖြစ်ပေါ်လာတာပါ။

စာချစ်သူတို့ကော ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်တတ်ပြီလား…