ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ဖို့…

blank

သင့်ရည်မှန်းချက်ပန်းတိုင်တွေကို မမေ့လျော့ပါနဲ့။ သင်လိုချင်တဲ့ဘဝကို လက်တွေ့အကောင်အထည်ဖော်ပြီး ရယူလိုက်ပါ။ သင့်ရည်မှန်းချက်ပန်းတိုင်ဆီကို အရောက်သွားနိုင်မယ့်အရာတိုင်းကို ကြိုးစားဆောင်ရွက်ပါ။ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ အစီအစဉ်တစ်ခုတော့ ရှိပါစေ။ အရာအားလုံးကို ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ သင့်တွေးတောကြံဆမှုတွေက သင့်အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အထောက်အကူပြုပါလိမ့်မယ်။ သင့်ကိုယ်ပိုင်အချိန်နဲ့ ငွေတွေကို သင်အမြဲလိုချင်တောင့်တနေတဲ့ဘဝတစ်ခု ပိုင်ဆိုင်ရဖို့ အသုံးပြုပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အလုပ်ကြိုးစားပါ။ ရည်မှန်းချက်ကို မြင့်မြင့်ထားပါ။ ကိုယ့်အထာနဲ့ ကိုယ်နေထိုင်ပါ။ သင် ဖြစ်ချင်တဲ့ဘဝ ပိုင်ဆိုင်ဖို့ ကြိုးစားရခြင်းနဲ့ အများက ဖြစ်စေချင်တဲ့ဘဝပိုင်ဆိုင်ဖို့ ကြိုးစားခြင်းက ကွဲပြားခြားနားတယ်ဆိုတာ သတိရပါ။

စာချစ်သူတို့ကော ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာ ဝေမျှပေးသွားပါဦးနော်။