“I love you” လို့ပြောဖို့ မနက်ဖြန်ရွေ့လိုက်မယ်ဆိုရင် မနက်ဖြန်ဆိုတာ မသေချာပါဘူး။

blank
Young woman hands shaped heart against beautiful sunset.

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဟာ ကားမတော်တဆဖြစ်မှုနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ သူ့ရဲ့ဈာပနမှာ ရုံးကလူတော်တော်များများဟာ “ မင်းက ငါချစ်ခင်ရတဲ့သူတစ်ယောက်ပါကွာ။ ငါတို့ မင်းကို အရမ်းချစ်ကြတာ။ မင်းက ငါတို့အတွက် ထူးခြားတဲ့သူတစ်ယောက်လိုပါပဲ။” စတဲ့စကားတွေပြောပြီး ငိုကြွေးကြပါတယ်။ အဲ့ဒီလိုငိုကြွေးကြတဲ့အထဲမှာ ကျွန်မလည်းအပါအဝင်ပါပဲ။ ဒါပေမဲ့ သူ အသက်ရှင်နေစဉ်က သူ့ကို ချစ်ခင်ကြတဲ့အကြောင်း ဘယ်သူမှ မပြောခဲ့ကြတာကို အရမ်းအံ့သြမိပါတယ်။ သေတဲ့အချိန်မှ ချစ်ခင်ပါတယ်ဆိုတဲ့စကားတွေဟာ မမေးဘဲနဲ့ဖြေနေသလို၊ အထင်မှားစရာတွေပါပဲ။

ဒါကြောင့် လူတစ်ယောက်ကို လေးစားတန်ဖိုးထားတယ်ဆိုတဲ့အကြောင်း၊ သူတို့ကို ချစ်ခင်ကြောင်းကိုပြောဖို့ ချီတုံချတုံဖြစ်မနေဖို့ ကျွန်မကိုယ်ကျွန်မ သစ္စာပြုပါတယ်။ ကျွန်မတို့ဘဝမှာ သူတို့ကဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ သူတို့အနေနဲ့ သိထိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါ့ကြောင့် တစ်စုံတစ်ယောက်ကို နှစ်သက်သဘောကျနေရင် သူ့ကို ဒီနေ့ပဲ ချစ်ခင်ကြောင်းပြောပါ။ တစ်စုံတစ်ယောက်ကို လေးစားတန်ဖိုးထားရင် သူ့ကို ဒီနေ့ပဲ တန်ဖိုးထားလေးစားကြောင်းပြောပါ။ မနက်ဖြန်ဆိုတာ မသေချာတဲ့နေ့တစ်နေ့ပါ။ ဒီနေ့ဆိုတာ သင့်ရဲ့ချစ်ခြင်းမေတ္တာနဲ့ လေးစားတန်ဖိုးထားမှုတွေကို ပြသဖို့အကောင်းဆုံးနေ့တစ်နေ့ပါပဲ။

ချစ်ခင်ရသူတွေလည်း ဒီအကြောင်းလေးသိရှိစေဖို့ ဝေမျှပေးလိုက်ရအောင်။