ဒုက္ခတွေအကြားမှာ မှောင်မည်းနေတယ်လို့ ခံစားနေရတယ်ဆိုရင်….။

blank

ဒုက္ခတွေ၊ အခက်အခဲတွေကြောင့် အရာရာအားလုံး မှောင်မည်းတိတ်ဆိတ်နေတယ်လို့ ခံစားနေရတယ်ဆိုရင်….

အသက်ဝဝရှူပါ။  ထထိုင်လိုက်ပါ။ ကိုယ့်စိတ်တွင်းက ခွန်အားတွေကို လောကဓံကိုရင်ဆိုင်ဖို့ စွမ်းအင်အဖြစ် အသုံးချလိုက်ပါ။

ဘဝဆိုတာ ခက်ခဲမယ်…. ခန့်မှန်းရခက်မယ်….ရှုပ်ထွေးမယ်… “ငါ့ကျမှ ဘာလို့ဖြစ်နေတာလဲ” လို့ တွေးမိလောက်အောင်ရိုက်ချက်တွေပြင်းမယ်။

အခက်အခဲတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာတဲ့အခါ “ငါတော့ ဆက်ပြီးရင်မဆိုင်နိုင်တော့ဘူး။ စိတ်ဓာတ်တွေလည်း ကျလာပြီ။ ငါ့ဘဝက ဆိုးလွန်းပါတယ်” လို့ တွေးမိနေလား။ ဘဝကြီးက အမှောင်ချထားသလို လမ်းစတွေပျောက်ပြီး စိတ်ဓာတ်တွေယိုင်လဲနေလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စာချစ်သူရေ… အဲ့ဒီအချိန်မှာ အသက်ဝဝရှူပြီး စိတ်ထဲမှာရှိနေတဲ့ တည်ငြိမ်ခြင်းတွေပြောတာကို နားထောင်ကြည့်ပါ။ ဘယ်လောက်ပဲမည်းမှောင်နေပါစေ စိတ်ရဲ့ထောင့်တစ်နေရာမှာ မျှော်လင့်ချက်ဆိုတဲ့ မျိုးစေ့လေးတွေရှိနေပါတယ်။ အဲ့ဒီမျိုးစေ့လေးကို ကြီးထွားခွင့်ပေးလိုက်ပါ။

မြေကြီးကိုထိုးဖောက်ပြီး အမှောင်ထုကိုဖြတ်ကျော်ခွင့်ပေးလိုက်ပါ။ စိတ်ရှည်သည်းခံမှုတွေနဲ့ ရေလောင်းပေါင်းသင်ပေးလိုက်ပါ။