စကားလှလှလေးတွေနဲ့ ပတ်ဝန်းကျင်ကို အလှဆင်ကြမလား။

blank

“ဖက်တီးမ” တဲ့။

“အခြောက်” တဲ့။

“အပျိုကြီး” တဲ့။

အမှောင်ထဲမှာ မမြင်ရဘူးတို့။

သူကမြုံနေတာလားမသိဘူးနော်တို့ပေါ့။

ပြောလိုက်တဲ့ သူက ထိခိုက်လိုစိတ်၊ ရိုက်ခတ်လိုစိတ် တစ်ပြားသားမှမပါပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာ မုန်တိုင်းတွေဖြတ်ဆင်းသွားစေတဲ့ စကားလေးတွေပေါ့။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ စကားပေါင်းထောင်သောင်းချီပြီးပြောနေကြတယ်။ ရည်ရွယ်ပြီးပြောလိုက်တဲ့ စကားတွေပါသလို မရည်ရွယ်ဘဲနဲ့ ပြောလိုက်မိတဲ့ စကားတွေအစုံပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့ပြောနေတဲ့ တချို့စကားတွေက ဟာသသဘောနဲ့နောက်ပြောင်ပြီး ပြောလိုက်ပေမယ့် အပြောခံလိုက်ရသူကတော့ တစ်စက်မှပျော်မသွားပါဘူး။ တစ်ခါတလေမှာ မကောင်းတတ်လို့ ရောပြီးရယ်လိုက်ပေမယ့် ရင်ထဲမှာတော့ ဒဏ်ရာတွေထင်ကျန်သွားတတ်ပါတယ်။ လေထဲက စကားတစ်ခွန်းဟာ ရင်ထဲမှာ အမုန်းတရားနဲ့ ဒဏ်ရာတွေကို ပေါက်ဖွားနေစေမယ်ဆိုရင် ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ချစ်ခြင်းတရားတွေ လျော့ပါးကုန်တော့မှာပေါ့။

“စကားကိုတန်ဆာအဖြစ်သုံးပြီး ပတ်ဝန်းကျင်ကိုလှပအောင် စိတ်တွေကိုခွန်အားဖြစ်အောင် အလှဆင်မလား”

“အမြောက်ဆံအဖြစ်သုံးပြီး ခံစားချက်နဲ့ ဖြစ်တည်မှုတွေကိ ထိခိုက်စေမလား” ဆိုတာက သင့်ရဲ့ရွေးချယ်မှုပါ။

ဒဏ်ရာအနာတရတွေနဲ့ စိတ်ညစ်နွမ်းနေတဲ့လူတွေရှိနေတဲ့ ပတ်ဝန်းကျင်မှာ သင်နေပျော်မှာလားဆိုတာကိုတော့ စဉ်းစားပေါ့။