Single ဖြစ်နေခြင်းက ကိုယ်နဲ့မထိုက်တန်တဲ့ ချစ်သူနဲ့ရှိနေခြင်းထက် ပိုကောင်းပါတယ်

blank

စာချစ်သူတို့ရေ…

လူတိုင်းကတော့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို မျှော်လင့်မိကြတာ သဘာဝပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ မျှော်လင့်ထားသလို မဟုတ်ဘဲ မစစ်မှန်တဲ့ချစ်ခြင်းတွေကိုလည်း လက်ခံမိလိုက်ကြတယ်။ ဒါဟာ လုံးဝ အချစ်မရှိတာထက်စာရင် အချစ်လေးနည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ထင်ကြလို့ပါ။

တကယ်တော့  ကိုယ့်အထီးကျန်ကွက်လပ်ကို ဖြည့်ဆည်းပေးမယ့်သူထက် ကိုယ့်နှလုံးသားဆန္ဒကို မျှဝေခံစားပေးမယ့် မှန်ကန်တဲ့သူကိုပဲ ကျွန်မတို့တွေက လိုအပ်ကြတာပါ။ ဒီနှစ်ချက်က တကယ်တော့ မတူကြပါဘူး။

ဟုတ်ပါတယ်။ ဘယ်သူကမှ အထီးကျန်မှုတွေကို မလိုချင်ကြပါဘူး။ ဒါပေမဲ့ မှားယွင်းတဲ့အချစ်ကို လက်ခံမိလိုက်တဲ့အခါ အထီးကျန်နေတဲ့ဘဝကမှ ပိုကောင်းတယ်လို့ ခံစားမိလာပါတယ်။ အချစ်ကြောင့် ဆိုးဆိုးရွားရွား ခံစားလိုက်ရပြီဆိုရင် ကိုယ့်ကိုယ်ကို သစ္စာဖောက်မိသလို ခံစားမိလာပါလိမ့်မယ်။

ကိုယ့်နှလုံးသားရဲ့ အလိုဆန္ဒကို နည်းနည်းပဲ ဖြည့်ဆည်းပေးမယ့် အချစ်ကိုလက်ခံရွေးချယ်မိလိုက်လို့ အဆုံးသတ်မယ် ကြံလိုက်ရင်လည်း ကိုယ့်မှာ ဘာမှမရှိတော့သလို အမှောင်ကျသွားမယ့် ခံစားချက်ကြီးကို ကြောက်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြည့်အဝချစ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးမယ့်သူကို မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကို အရင်ချစ်တတ်ဖို့၊ ကိုယ့်နှလုံးသားကို တန်ဖိုးထားပေးမယ့်သူဟာ ဘယ်သူလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အခြားတစ်ယောက်လက်ထဲ မအပ်နှံသင့်ပါဘူး။ ကိုယ့်ရဲ့အချစ်နဲ့ မေတ္တာကို အပြည့်အဝတန်ဖိုးမထားပေးတတ်သူတစ်ယောက်အတွက်နဲ့ အချိန်တွေကို မဖြုန်းသင့်ပါဘူး။

Single ဖြစ်နေခြင်းဟာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဆုံးသတ်မှာ ကိုယ့်ရဲ့စိတ် ရင့်ကျက် လာဖို့ ကိုယ့်ရဲ့အရည်အချင်းတွေကို ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာ သိလာတယ်။ ပြီးတော့ ကိုယ့်ကို ပြည့်ပြည့်ဝဝနားလည်မပေးနိုင်တဲ့ သူအပေါ်မှာလည်း အချိန်ဖြုန်းရာ မရောက်တော့ပါဘူး။

ဟုတ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ်နဲ့ မထိုက်တန်ဘူးဆိုတာ  လွယ်လွယ်သိနိုင်မှာမဟုတ်ပါဘူး။ သူ့ရဲ့မပြည့်ဝတဲ့အချစ်တွေကို လက်ခံထားရတာ ကြာတော့ နာကျင်ရတယ်ဆိုတာ သဘောပေါက်ပေမဲ့ သူ့ကို လက်လွှတ်ပေးလိုက်ရမှာက ကိုယ့်အတွက် ခက်ခဲနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အတွက် ကိုယ်ရင်းနှီးလိုက်ရတဲ့အရာတွေ အများကြီးရှိနေပြီမို့ပါ။

တစ်ကိုယ်တည်းနေရတဲ့ အတွေးဟာ ကြောက်တယ်လို့ ထင်ရပေမဲ့ ကိုယ့်တန်ဖိုးကို မသိတဲ့သူတစ်ယောက်နဲ့ အတူရှိနေတာက ပိုကြောက်စရာကောင်းပါတယ်။ ဒါဟာ အမှန်တရားတစ်ခုပါ။

Single ဖြစ်နေခြင်းက ကိုယ့်ရဲ့စစ်မှန်မှုကို ရှာဖွေဖော်ထုတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုပေးလိုက်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းအာရုံစိုက်နိုင်ရင် ပိုပြီး သန်မာလာမယ်၊ ယုံကြည်မှု ရှိလာမယ်။ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်လာမယ်။ ဒါကြောင့် ကိုယ့်နဲ့အတူ အချိန်ဖြုန်းရတာကို ရင်ခုန်နေမယ့် သူတစ်ယောက်ကို စောင့်နေရမယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့သူဆိုတာ ကိုယ်နဲ့အတူ ကြာရှည်လက်တွဲချင်ပြီး ကိုယ်နဲ့ပတ်သက်သမျှအရာအားလုံးကို လက်ခံပေးလိမ့်မယ်။

ကိုယ့်ရဲ့တန်ဖိုးကို သေသေချာချာနားလည်ထားပါ။ ကိုယ့်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာ သိထားပါ။ ဘာကိုမှ လျှော့ပြီး လက်မခံလိုက်ပါနဲ့။

တစ်ခါတလေ တစ်ယောက်ယောက်က တစ်ခါမှ မမြင်ဖူးတဲ့ တောက်ပတဲ့အကြည့်မျိုးနဲ့ ကိုယ့်ကို လာကြည့်နေတယ်။ သူတို့ဘဝအတွက် ကြည့်ရှု့စောင့်ရှောက်ပေးမယ့် သူဟာ ကိုယ်ပဲဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်နေလိမ့်မယ်။ အဲ့ဒီအချိန်ကို စောင့်လိုက်ပါ။

စာချစ်သူ Single လေးတွေရေ…

ခံစားချက်တွေ တူသွားရင် LIKE & SHARE လေး လုပ်လိုက်ပါဦးနော်။