ဘယ်လိုမျိုး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသလဲ။

blank

စာချစ်သူတို့ရေ….။

သင့်ရဲ့လုပ်ငန်းခွင်ဟာ သင့်အတွက်လုံခြုံမှုပေးနိုင်တဲ့နေရာ၊ ခွဲခြားဆက်ဆံမှုတွေ ကင်းဝေးတဲ့နေရာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ကင်းစင်တဲ့နေရာဖြစ်နေတယ်ဆိုရင် သင်ဟာသိပ်ကိုကံကောင်းတဲ့သူပါ။

လေ့လာမှုတွေအရ အလုပ်သမားတွေ၊ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်အတွင်းမှာ ရာထူး၊ အာဏာကို အသုံးချပြီး အကြမ်းဖက်ခံရမှုတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။ အထူးသဖြင့်အောက်ခြေသိမ်း အလုပ်သမားတွေပေါ့။ လိင်ပိုင်းဆိုင်ရာတွေကို ထိတွေ့ကိုင်တွယ်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပြင် အောက်ပါအကြမ်းဖက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

  •  မမြင်ဝံ့မမြင်အပ်တဲ့ ပုံတွေ ပြတာ
  • ကိုးကွယ်ယုံကြည်မှုကိုအခြေခံပြီး ခွဲခြားဆက်ဆံတာ
  • မသန်စွမ်းမှုကို ဖိနှိပ်ပြီး ခွဲခြားဆက်ဆံတာ
  • လိင်ပိုင်းဆိုင်ရာ စိတ်တိမ်းညွှတ်မှုကို အခြေခံပြီး ပြက်ရယ်ပြုစော်ကားတာ
  • မလိုအပ်တဲ့ အကဲဖြတ်မှုတွေပေးပြီး စိတ်ကြဉ်းကြပ်စေတာ

မိမိရဲ့ခံယူချက်တွေကိုအလေးမထား ပြက်ရယ်ပြုတာ စတာတွေကလည်း အကြမ်းဖက်မှုတွေပါပဲ။

သင့်ရဲ့လုပ်ငန်းခွင်မှာ ဒီလိုအကြမ်းဖက်မှုတွေ မရှိဘူးဆိုရင် သင်ဟာသိပ်ကိုကံကောင်းတဲ့သူပါ။