“ငါ့ခန္ဓာကိုယ်ဟာလည်း မော်ဒယ်လ်လေးတွေလို လှရင်ကောင်းမှာပဲ” လို့ တွေးကြည့်ခဲ့မိဖူးလား။

blank

Victoria’s Secret ဖက်ရှင်ရှိုးတွေ ကြည့်ရင်း “ငါ့ခန္ဓာကိုယ်ဟာလည်း ဒီမော်ဒယ်လ်လေးတွေလို လှရင်ကောင်းမှာပဲ” လို့ တစ်ခါတော့ တွေးခဲ့မိဖူးတယ်မလား…။ ဒီလိုတွေးမိဖူးတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူးနော်။ တကယ်တော့ “မော်ဒယ်လ်ကိုယ်လုံးလေးရချင်လိုက်တာ” ဆိုတဲ့စိတ်ကူးက လက်တွေ့မကျရုံသာမကဘဲ စိတ်ကျန်းမာရေးကိုကော၊ ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ ပုံမှန်အားဖြင့် တစ်ယောက်နဲ့ တစ်ယောက် အရွယ်အစားအရကော၊ ပုံသဏ္ဍာန်အနေအထားအရပါ ကွဲပြားခြားနားကြပါတယ်။ ဒီလိုကွဲပြားခြားနားခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေကို စိတ်ဖိစီးမှုတွေ ပိုဖြစ်စေပါတယ်။ Body shaming ကြောင့် စိတ်ဖိစီးမှုတွေ မဖြစ်လာရစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်ခန္ဓာကိုယ်အကြောင်း နားလည်ပါ။

ဘယ်အရာတွေက ကိုယ့်ကို ဝိတ်တက်စေတယ်၊ ဘယ်အရာတွေက ကိုယ့်ကို ဝိတ်ကျစေတယ်ဆိုတာ သိရှိအောင်လုပ်ပါ။ ကိုယ့်အကြောင်းကိုယ် သေချာသိရှိနားလည်နိုင်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ကိုယ့်ကိုယ်ကိုယ် လက်ခံပါ။

ကိုယ့်ဆီမှာ ကိုယ်တိုင်သဘောကျနှစ်သက်ရတဲ့အရာတစ်ခု ရှာဖွေဖို့ ကြိုးစားကြည့်ပါ။ ဒါဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲဖြစ်ဖြစ်၊ ဆံကေသာပဲဖြစ်ဖြစ်၊ မျက်ဝန်းတွေပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ အရေးကြီးပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ။

ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ်သာမက တခြားအရာတွေအပေါ်မှာလည်း အကောင်းမြင်တတ်အောင် ကြိုးစားကြည့်ပါ။

Body shaming ကြောင့် စိတ်ဖိစီးနေရတဲ့သူတွေအတွက် ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။