ဘဝမှာ စစ်မှန်စွာ နေထိုင်နိုင်ဖို့…

blank

        ခက်ခဲကြမ်းတမ်းလွန်းတဲ့ လောကကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းပြီး ကိုယ်လိုချင်တဲ့ဘဝတစ်ခုဖြစ်အောင် နေထိုင်ခြင်းဟာ စိန်ခေါ်မှုတစ်ခုပါ။ ဒီစိန်ခေါ်မှုတွေကို အလွယ်တကူကျော်လွှားနိုင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကိုယ့်အားနည်းချက်တွေကို သိရှိနားလည်အောင်လုပ်ပါ။

ကိုယ့်အားနည်းချက်တွေကိုသိမှ ကိုယ်ဘယ်အရာတွေ လိုအပ်နေတယ်ဆိုတာ သိရှိလာမှာပါ။ ဟန်ဆောင်နေထိုင်ခြင်းက ကိုယ့်ကိုသာ ထိခိုက်စေနိုင်တာမို့ ကိုယ့်ဘဝကိုယ် စစ်မှန်စွာနေထိုင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အကောင်းမြင်တတ်အောင် ကြိုးစားပါ။

အကောင်းမြင်တတ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားခြင်းက ကိုယ့်အနားကအရာတွေကို ပိုမိုနားလည်နိုင်လာစေပါတယ်။ ဒီလိုနားလည်ခြင်းက ကိုယ့်ဘဝကို ရှေ့ဆက်တိုးနိုင်စေပါလိမ့်မယ်။

၃။ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို လုပ်ပါ။

ပျော်ရွှင်နေမှသာ ကိုယ်လိုချင်တဲ့ဘဝကို ဖန်တီးနိုင်မှာပါ။ အရာအားလုံးကို မှန်ကန်အောင် လုပ်နိုင်တဲ့ အင်အားဆိုတာ လူတိုင်းမှာ ရှိပြီးသားပါ။

စာချစ်သူတို့ကော ဘဝမှာ စစ်မှန်စွာ နေထိုင်တတ်ကြပြီလား…