သင့်ပျော်ရွှင်မှုက တခြားသူတွေရဲ့အသိအမှတ်ပြုမှုအပေါ် မူတည်နေလား။

blank
Businessman chooses a smile emoticon icons face happy symbol on wooden block , Services and Customer satisfaction survey concept

စာချစ်သူတို့ရေ…

ခွဲခြားဆက်ဆံတတ်သူတွေဆိုတာကတော့ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ ရှိတတ်တာ သဘာဝပါပဲ။ တ ချို့တွေက ဂုဏ်ကိုကြည့်ပြီး လူတစ်ယောက်အပေါ် ခင်မင်ကြတယ်။ တချို့တွေက ငွေကိုကြည့်ပြီး ခင်မင်ကြ တယ်။ တချို့တွေက အောင်မြင်နေချိန်မှာ ခင်မင်ပြီး ကျရှုံးသွားတဲ့အခါ လမ်းမှာတွေ့လို့ ခေါ်ပြောနှုတ်ဆက်ဖို့ တောင် ဝန်လေးသွားကြပါတယ်။

လူအမျိုးမျိုးစိတ်အထွေထွေမို့ လူတွေကတော့ သူတို့သဘောသဘာဝအတိုင်း ပြောင်းလဲနေတတ်ကြ တာပေမဲ့ အဲ့ဒီအပြောင်းအလဲတွေကို ခံစားရသူတွေအဖို့တော့ နာကျင်စရာပါ။ အထူးသဖြင့် ကိုယ်ချစ်ခင်တွယ် တာရသူတွေဆီက မစစ်မှန်တဲ့ပြောင်းလဲမှုတွေကို လက်ခံရရှိတဲ့အခါ ပုံမှန်ထက် ပိုနာကျင်ခံစားကြရပါတယ်။ ချစ်ခင်သူတွေဆီက အသိအမှတ်ပြုမှုတွေအစား စိမ်းကားမှုတွေကို ရရှိတဲ့အခါ ဘဝမှာ ပျော်စရာတွေလည်း ပျောက်ဆုံးသွားရတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့်… ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် တခြားသူတွေကို ချစ်ပါ။

ဒါပေမဲ့… ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ။

တခြားသူတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ပျော်ရွှင်ပါ။

ဒါပေမဲ့… ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုမှုနဲ့ သေချာတဲ့ပျော်ရွှင်မှုကိုလည်း တည်ဆောက်တတ်အောင် ကြိုးစားပါ။

အဲ့ဒါဆိုရင် တခြားသူတွေအသိအမှတ်ပြုမခံရလို့ ဝမ်းနည်းရတဲ့အဖြစ်တွေလည်း လျော့နည်းသွားမှာပါ။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။