စံပယ်ပင်လေးရဲ့ ကျန်းမာရေးကောင်းကျိုးများ

blank
White jasmine flowers fresh flowers natural backgrounds

           လေ့လာတွေ့ရှိချက်တွေအရ အောက်ဆီဂျင်ပမာဏဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းနေခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းလေထုကို အဆိပ်အတောက်ကင်းအောင် ထိန်းသိမ်းခြင်းက သင့်စိတ်ခံစားချက်တွေကို ကောင်းမွန်စေပြီး စိုးရိမ်ကြောင့်ကျမှုတွေကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ အပင်တွေဟာ အောက်စီဂျင်ထုတ်လွှတ်ပေးပြီး လေကိုသန့်စင်စေနိုင်တယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ။ ဒါပေမဲ့ တချို့အပင်တွေကတော့ လေသန့်စင်စေနိုင်ရုံသာမက စိုးရိမ်မှု၊ ထိတ်လန့်မှု၊ စိတ်ဓာတ်ကျဆင်းမှုတွေကိုပါ လျော့နည်းစေနိုင်ပါပြီး စိတ်အေးချမ်းမှုကိုပါ ယူဆောင်လာပေးနိုင်ပါတယ်။ ဒီအထဲမှာ စံပယ်ပင်တွေဟာလည်း တစ်ပင်အပါအဝင်ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြွက်ကလေးတွေကို လှောင်အိမ်ထဲ ပိတ်ပြီးတော့ လှောင်အိမ်ကို စံပယ်ရနံ့လေးဖြည့်ထားပေးတဲ့အခါမှာ ကြွက်ကလေးတွေဟာ လှုပ်လှုပ်ရွရွလုပ်မနေတော့ဘဲ ထောင့်တစ်ခုမှာပဲ ငြိမ်သက်စွာထိုင်နေတာကို တွေ့ရှိရပါတယ်။

စံပယ်ရနံ့ဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အနားယူစေနိုင်မှုကို အားပေးတဲ့ GABA လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်ဆိုတာကို တွေ့ရပါတယ်။ စံပယ်ရနံ့ဟာ GABA ကို ငါးကြိမ်ထက်မနည်းတိုးမြှင့်ပေးနိုင်တဲ့အတွက် အိပ်ဆေးတွေထက်တောင် ပိုမိုအကျိုးထိရောက်ပါသေးတယ်။

သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်တွေအရ စံပယ်ရနံ့ဟာ

  • စိုးရိမ်ကြောင့်ကျမှု၊ စိတ်တင်းကြပ်မှုတွေကို သက်သာစေတယ်။
  • အိပ်ပျော်စေတယ်။
  • ဟော်မုန်းတွေကို မျှတစေတယ်။
  • ပျော်ရွှင်စေတယ်။
  • စိတ်ကိုလန်းဆန်းတက်ကြွနေစေပြီးတော့ လုပ်ဆောင်မှုတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

သင့်အိမ်မှာကော စံပယ်ပင်လေး ရှိပြီလား။