ချမ်းသာချင်ရင် ရပ်လိုက်သင့်တဲ့အရာလေးများ

blank

စာချစ်သူတို့ရေ…..

လူတိုင်းချမ်းသာချင်ကြတယ်။ ဒါပေမဲ့ လူအနည်းစုကပဲ ချမ်းသာကြွယ်ဝလာကြတယ်တဲ့။ ချမ်းသာတဲ့လူတွေကို နှစ်မျိုးခွဲလိုက်တဲ့အခါ ကံနဲ့အလုပ်တိုက်ဆိုင်သွားတယ်သူရယ်၊ ဘယ်လောက်မှားမှားမဆုတ်မနစ်တဲ့ ဇွဲနဲ့ကြိုးစားတဲ့လူရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

တွမ်ကော်လေး (Tom Corley)လို့ ခေါ်တဲ့ လေ့လာသူတစ်ဦးဟာ ချမ်းသာတဲ့သူတွေနဲ့ ဆင်းရဲတဲ့သူတွေရဲ့ ကွာခြားချက်ကို သိရဖို့ လေ့လာမှုတစ်ခုကို (၅) နှစ်ကြာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့လာမှုရဲ့နောက်မှာ ချမ်းသာတဲ့သူတွေ ဘယ်တော့မှမလုပ်တဲ့ အမူအကျင့် (၁ဝ) ခုကို ထုတ်နှုတ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လေ့လာမှုအရ ချမ်းသာတဲ့သူတွေ ဘယ်တော့မှမလုပ်တဲ့ အမူအကျင့်လေးတွေကတော့….။

၁။ ချမ်းသာတဲ့သူတွေဟာ လူသစ်တွေမိတ်မဖွဲ့ဘဲ ကိုယ့်အဝန်းအဝိုင်းလေးမှာပဲ နေတာမျိုးကို မလုပ်တတ်ကြပါဘူး။

၂။  ချမ်းသာတဲ့သူတွေဟာ သူတို့ဘဝလမ်းကြောင်းကို သူတို့ကိုယ်တိုင် ဆုံးဖြတ်တတ်ကြတယ်။ ကံကိုယုံပြီး ဆူးပုံနင်းတဲ့အလုပ်တွေ၊ ဖြစ်မလာသေးတဲ့ အခွင့်အရေးတွေကို ထိုင်စောင့်နေတာမျိုးတွေ မလုပ်တတ်ကြပါဘူး။

၃။ ချမ်းသာတဲ့လူတွေဟာ သူတို့လုပ်နေတဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်တတ်ကြပါတယ်။ အလုပ်မှာအဆင်မပြေတာတစ်ခုခုဖြစ်နေတယ်ဆိုရင်လည်း အဖြေရှာပြီး ပြင်ဆင်ကြပါတယ်။ အဆင်မပြေမှုတွေကို ညည်းညူရင်းအချိန်မကုန်တတ်ကြပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လူချမ်းသာတွေဟာ ကျန်းမာအောင်နေထိုင်တာ၊ အားကစားလုပ်တာ၊ အာဟာရမျှတအောင်စားတာ စတဲ့ကျန်းမာတဲ့အလေ့အထကို ကျင့်သုံးကြပါတယ်။ ကျန်းမာရေးထိခိုက်မှုကြောင့် ငွေကုန်မယ့်အဖြစ်မျိုးတွေကို ရှောင်တတ်ကြပါတယ်။

၅။  ချမ်းသာတဲ့သူတွေဟာ အလုပ်တွေလုပ်ရင်း အမှားတွေလုပ်မိတတ်တယ်။ ဒါပေမဲ့ သူတို့ဟာ အမှားတွေကြောင့် ပူဆွေးဝမ်းနည်းနေတဲ့ အဖြစ်မျိုးတွေကို မလုပ်တတ်ကြဘူး။

၆။ လူချမ်းသာတွေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ အသစ်တွေကို ဘယ်လိုလေ့လာရမလဲ၊ ပစ္စည်းအသစ်တွေကို ဘယ်လိုလေ့လာရမလဲ ဆိုတာတွေကို အချိန်ပြည့်လေ့လာနေတတ်ပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝမှာ စာမဖတ်ဘဲနေတဲ့နေ့ဆိုတာ မရှိပါဘူး။

၇။ ချမ်းသာတဲ့သူတွေဟာ အိပ်ရာစောစောထကြတယ်။ အားကစားလုပ်ကြတယ်။ ရုံးတက်ချိန်ထက် အနည်းဆုံး ၄ နာရီလောက် ကြိုထပြီး တစ်နေ့တာအစီအစဉ်တွေ ချမှတ်ကြတယ်။ နောက်ကျမှ အိပ်ပြီး နေမြင့်အောင်အိပ်တဲ့ အလေ့အထတွေကို မကျင့်သုံးကြပါဘူး။

၈။ ချမ်းသာတွေဟာ အကောင်းမြင်စိတ်ရှိသူ၊ အလုပ်ကြိုးစားတဲ့သူတွေ၊ ဗဟုသုတရှာမှီးတတ်တဲ့သူတွေနဲ့ပဲ ပေါင်းသင်းတတ်ကြပါတယ်။  အကျိုးမရှိတာတွေလုပ်ရင်း အချိန်ကုန်တတ်တဲ့သူတွေနဲ့ အချိန်ဖြုန်းတာတွေ မလုပ်တတ်ကြပါဘူး။

၉။  လူချမ်းသာတွေဟာ ဝင်ငွေဝင်အောင် ကြိုးစားတတ်ကြသလို ထွက်ငွေကိုလည်း သေချာစိစစ်တတ်ကြပါတယ်။  ဝင်ငွေဝင်မယ့်ဖြန့်ကျက်နည်းကို သုံးပြီး ငွေစုတတ်သလို သုံးတာနဲ့ဖြုန်းတာကို ကောင်းကောင်းခွဲခြားတတ်ကြပါတယ်။ ကြွားဝါမှုတွေ၊ အပျော်အပါးတွေမှာ ငွေမဖြုန်းတတ်ကြဘူး။

စာချစ်သူတို့အတွက် အသုံးဝင်မယ့်ဒီနည်းလမ်းလေးတွေကို အခြားသူတွေလည်းသိရအောင် မျှဝေလိုက်တော့နော်။