လူတစ်ယောက်ရဲ့ပုံပန်းသဏ္ဍန်ကြောင့် ဘာကိုမှအဆုံးဖြတ်မစောပါနဲ့။

blank

ခပ်နွမ်းနွမ်းဂါဝန်ကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ နွမ်းရိနေတဲ့ အိမ်တွင်းဖြစ်ဝတ်စုံကို ဝတ်ထားတဲ့ သူ့ရဲ့ခင်ပွန်းဟာ ဘော်စတွန်ကို ရထားနဲ့ခရီးထွက်ခဲ့ကြပါတယ်။ ဇနီးမောင်နှံနှစ်ဦးဟာ ဟားဗက်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးရုံးခန်းကို ချိန်းဆိုမထားဘဲ ကြောက်ကြောက်နဲ့ လမ်းလျှောက်လာကြပါတယ်။ “ ဒီလိုပေစုပ်စုပ်တောသူတောသားတွေ ဟားဗက်မဆိုထားနဲ့ ကမ်းဘရေ့တက္ကသိုလ်တောင် ကိစ္စမရှိဘဲ ဝင်ခွင့်မရှိပါဘူး ” လို့ အတွင်းရေးမှူးက ပြောလိုက်ပါတယ်။

အဲ့ဒီအခါ အမျိုးသမီးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပါတယ်။ ပြီးတော့ “ ငါတို့ ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ ” လို့ ခင်ပွန်းဖြစ်သူက သာသာယာယာပြောလိုက်ပါတယ်။ “ သူ ဒီနေ့တစ်နေ့လုံး အားမှာမဟုတ်ဘူး ” လို့ အတွင်းရေးမှူးက လေသံမာမာနဲ့ ပြောလိုက်ပါတယ်။ အဲဒီအခါ “ ငါတို့ စောင့်မှာပါ ” လို့ အမျိုးသမီးက ပြန်ပြောလိုက်ပါတယ်။ နာရီအတန်ကြာတဲ့နောက်မှာတော့ အတွင်းရေးမှူးက သူတို့နှစ်ယောက် ကြာလာရင် မစောင့်နိုင်တော့ဘဲ ပြန်သွားမယ်အထင်နဲ့ မသိကျိုးကျွန်ပြုနေလိုက်ပါတယ်။

သူတို့ဆက်ပြီး ဇွဲနဘဲကြီးစွာနဲ့ အချိန်အတော်ကြာအောင် စောင့်နေခဲ့ပေမယ့် အတွင်းရေးမှူးကတော့ ကျောင်းအုပ်ကြီးကို မပြောဘဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ ငါတို့ သူ့ကို ခဏလောက်ဖြစ်ဖြစ်တွေ့ရရင် ငါတို့ထွက်သွားမှာပါ ” လို့ အမျိုးသမီးက အတွင်းရေးမှူးကို ပြောလိုက်ပေမယ့် သူမကတော့ အဲ့ဒီ ဇနီးမောင်နှံနှစ်ယောက်နဲ့ ထပ်ပြီး အချိန်မဖြုန်းချင်တော့ပါဘူး။  ခပ်နွမ်းနွမ်းအဝတ်အစားတွေကို အထင်သေးစွာကြည့်ပြီးတော့ သက်ပြင်းပဲအခါခါချနေမိတော့တယ်။  ဒါပေမဲ့ မသက်သာတဲ့အဆုံးမှာ ကျောင်းအုပ်ကြီးကို ခေါ်ပေးလိုက်ပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တည်ကြည်ခန့်ညားတဲ့ မျက်နှာထားနဲ့ ကျောင်းအုပ်ကြီးဟာ အဲဒီလင်မယားနှစ်ယောက်ဆီကို ကြွားကြွားဝင့်ဝင့်လျှောက်လှမ်းလာပါတယ်။ အမျိုးသမီးက “ ကျွန်မတို့မှာ ဟားဗက်တက္ကသိုလ် ပထမနှစ်တက်နေတဲ့ သားတစ်ယောက်ရှိခဲ့ပါတယ်။ သူက ဟားဗက်ကို အရမ်းချစ်တာ။ ပြီးတော့ ဒီမှာလည်း ပျော်နေခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်ကပဲ သူ ရုတ်တရက် ဆုံးသွားပါတယ်။ အဲဒါကြောင့် ကျွန်မခင်ပွန်းနဲ့ ကျွန်မက သူ့အတွက် ရည်စူးပြီး ဒီကျောင်းဝင်းထဲမှာ မှတ်တိုင်တစ်ခု လုပ်ချင်လို့ပါရှင် ” လို့ ကျောင်းအုပ်ကြီးကို ပြောလိုက်ပါတယ်။

အဲဒီအကြောင်းတွေဟာ ကျောင်းအုပ်ကြီးရဲ့ရင်ထဲမရောက်စေတဲ့အပြင် စိတ်ရှုတ်သွားစေခဲ့ပါတယ်။ “ ဒီမှာ အမကြီး၊ ဟားဗက်မှာ တက်ခဲ့တဲ့ ကျောင်းသားတိုင်း သေတာနဲ့ ကျွန်တော်တို့က မှတ်တိုင်တွေ စိုက်ခွင့်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ ခွင့်ပြုလိုက်မယ်ဆိုရင် ဒီနေရာက သုသာန်တစ်ခုနဲ့ တူသွားပါလိမ့်မယ် ” လို့ ကျောင်းအုပ်ကြီးက လေသံမာမာနဲ့ ပြောလိုက်ပါတယ်။ “ အဲလိုမဟုတ်ပါဘူး…ကျောင်းအုပ်ကြီးရယ်။ ကျွန်မတို့က မှတ်တိုင်စိုက်ချင်တာ မဟုတ်ပါဘူး။ ဟားဗက်အတွက် အဆောက်အဦးဆောက်လုပ်ပေးချင်တဲ့ အတွေးပါ ” လို့ အမျိုးသမီးက သွက်သွက်လက်လက်ရှင်းပြလိုက်ပါတယ်။

အဲဒီနောက် ကျောင်းအုပ်ကြီးဟာ မျက်လုံးကို ဝေ့ပြီး ခဏစဉ်းစားလိုက်ပါတယ်။ ခပ်နွမ်းနွမ်းအဝတ်အစားတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး “ အဆောက်အဦး၊ ကုန်ကျစရိတ်ကို ခင်ဗျားတို့ ခန့်မှန်းကြည့်ပြီးပြီလား။ ဟားဗက်မှာ ရှိတဲ့ သစ်ပင်တစ်ပင်တောင် ဒေါ်လာ ၇ သန်းခွဲလောက် ကျတယ် ” လို့ စိတ်မရှည်စွာပြောလိုက်တော့တယ်။ အမျိုးသမီးဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ပါတယ်။

ကျောင်းအုပ်ကြီးကတော့ သူတို့နှစ်ယောက်ကို လက်လျှော့သွားပြီ အထင်နဲ့ ကျေနပ်နေခဲ့ပါတယ်။ အမျိုးသမီးဟာ သူ့ခင်ပွန်းဘက်ကို လှည့်ပြီးတော့ “ တက္ကသိုလ်တစ်ခုလုံးတောင် ဆောက်ပေးလို့ ရတယ် မဟုတ်လား။ ဘာလို့ ငါတို့ မလုပ်နိုင်ရမှာလဲ နော် ” လို့ တိုးတိုးလေး ပြောလိုက်ပါတယ်။ ခင်ပွန်းကလည်း ခေါင်းညိတ်လိုက်ပါတယ်။ ကျောင်းအုပ်ကြီးမျက်နှာဟာလည်း စိတ်ရှုတ်ထွေးတွေဝေမှုတွေနဲ့ပေါ့။

မစ္စတာ လီလန်းစတန်ဖော့ (Mr.Leland Stanford ) နဲ့ ဇနီးဟာ သူတို့သားအတွက် ရည်စူးပြီး တက္ကသိုလ်ဆောက်လုပ်လှူဒါန်းဖို့ သူ့သားကို ငဲ့ကြည့်မပေးခဲ့တဲ့ ဟားဗက်မှာမဟုတ်ဘဲ ကယ်လီဖိုနီးယားပြည်နယ် ( California )၊ ပါလိုအယ်လ်တိုမြို့ ( Palo Alto ) ကို ခရီးထွက်ခဲ့ကြပါတယ်။

အဲဒီနောက် ဟားဗက်နဲ့အပြိုင် တက္ကသိုလ်တစ်ခု တည်ထောင်ခဲ့ပြီး စတန်းဖော့ လို့ အမည်တွင်စေခဲ့ပါတယ်။

“ အခြားသူတွေကို သူတို့ဘယ်လိုနေထိုင်စားသောက်လဲဆိုတဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီုး သူတို့ဘယ်လိုလူလဲဆိုတာ အလွယ်တကူမဆုံးဖြတ်နိုင်ပါဘူး။ ” မယ်လ်ကွန် ဖော်ဘီစ် (Malcolm Forbes )

ဒီပုံပြင်လေးကို ဖတ်ပြီး စာချစ်သူတို့ရင်ထဲ တစ်ခုခုရလိုက်တယ်ဆိုရင် အခြားမိတ်ဆွေတွေလည်း သိသွားအောင် LIKE & SHARE လုပ်ပြီး မျှဝေပေးပါဦးနော်။