သင့်ကိုယ်သင်ချစ်ရင် ဒါလေးဖတ်ကြည့်ပါ။

blank

တစ်နေ့တစ်နေ့ သင်ဘာတွေစားနေလဲ။

တစ်နေ့တစ်နေ့ သင်ဘာတွေလုပ်နေလဲ။

တစ်နေ့တစ်နေ့ သင့်အချိန်အများစုကို ဘာတွေလုပ်ရင်း ကုန်ဆုံးဖြစ်နေလဲ။

တစ်နေ့တစ်နေ့ သင်ဘာတွေတွေးနေလဲ။

တစ်နေ့တစ်နေ့ သင်ဘယ်သူတွေနဲ့ ပေါင်းနေလဲ။

အဲ့ဒီတစ်နေ့တစ်နေ့တွေကို ပေါင်းလိုက်တဲ့အခါ သင့်အနာဂတ်ဆိုတာကြီးဖြစ်လာပါတယ်။

သင့်ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်တဲ့ စားစရာတွေ စားပေးမယ်။

သင့်တိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်နေမယ်။

သင့်အတွက် ဗဟုသုတရစရာ၊ အသစ်အသစ်တွေသင်ယူရင်း အချိန်တွေကုန်ဆုံးမယ်။

ပိုကောင်းဖို့အရာတွေကို တွေးမယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင့်ကောင်းကျိုးရှေ့ရှုတဲ့ လူတော်လူကောင်းတွေနဲ့ပေါင်းမယ်။

အဲ့ဒီတစ်နေ့ချင်းစီရဲ့ကောင်းကျိုးတွေကို ပေါင်းလိုက်တဲ့အခါ တစ်နေ့ကျရင် သင်လိုချင်တဲ့ အလှပဆုံး အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။

“ချစ်တယ်” ဆိုတာ သူများတွေကိုပဲ ပြောရတဲ့စကားမဟုတ်ပါဘူး။ သင့်ကိုယ်သင်လည်း ပြောလို့ရပါ တယ်။

မှန်ကြည့်မိတဲ့အခါတိုင်း သင့်ကိုယ်သင် ချစ်တဲ့အကြောင်း ပြောပါ။ တစ်နေ့ချင်းစီကို သင့်အတွက် ပိုမို ကောင်းမွန်စေတဲ့အရာတွေနဲ့ တည်ဆောက်သွားပါ။

သင့်ကိုယ်သင်ချစ်တဲ့အချစ်ဟာ သင့်ဘဝကို ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး ပျော်စရာအကောင်းဆုံး အနာဂတ်တစ်ခုကို ပိုင်ဆိုင်စေမယ်ဆိုတာ အမြဲအမှတ်ရလိုက်ပါနော်။

သင်ကော သင့်ကိုယ်သင် ချစ်တတ်ပြီလား။