မရှိသင့်တဲ့ ယုံကြည်မှုအမျိုးအစား

blank

ကန့်သတ်တတ်တဲ့ ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို “ငါ အဲ့လောက်ထိမလုပ်နိုင်ပါဘူးလေ” ဆိုပြီး ကိုယ့်စွမ်းဆောင်ရည်ကို ကိုယ်ကိုယ်တိုင် နှိမ့်ချမိစေတဲ့ မရှိသင့်တဲ့ ယုံကြည်မှုအမျိုးအစားပါ။

စာချစ်သူတို့ဘဝမှာကော ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်လာအောင် မကြိုးစားမိတော့ဘဲ နောက်တွန့်သွားစေခဲ့တဲ့အရာတွေ ရှိဖူးလား။

ရှိခဲ့တယ်ဆိုရင် အဲ့ဒီအရာတွေကို တစ်ခုချင်းစီ ချရေးကြည့်ပါ။

“ငါ မလုပ်နိုင်တာ သေချာလား” သေချာပြန်စဉ်းစားကြည့်ပါ။

ကြိုးတောင် မကြိုးစားကြည့်သေးဘဲ တွန့်ဆုတ်နေတာ မှန်ကန်တယ်ထင်လား။

တွန့်ဆုတ်မနေဘဲ တစ်လှမ်းချင်းစီ ရှေ့တိုးကြည့်ပါ။

“တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ” ဆိုတဲ့ စကားလည်းရှိတယ်မလား…

စာချစ်သူတို့ကော ကိုယ့်စွမ်းဆောင်ရည်တွေကို ကိုယ်ကိုယ်တိုင် ကန့်သတ်ခဲ့မိဖူးလား…

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။