နေ့စဉ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးသင့်တဲ့အရာလေးများ

blank
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်…..။

၁။ အပြင်ထွက် လမ်းလျှောက်ပါ။

၂။ ရေများများသောက်ပါ။ တစ်နေ့ကို ရေဘယ်နှခွက်သောက်နိုင်လဲ ရေတွက်ပါ။

၃။ မရောက်ဖူးတဲ့နေရာတွေဆီ ခရီးထွက်ပါ။

၎။ ကိုယ့်အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတစ်ခုခုကို ၁၅ မိနစ်ကြာအောင် လုပ်ပါ။

၅။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်ပါ။

၆။ သစ်သီးဖျော်ရည်သောက်ပါ။

၇။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားပါ။

၈။ ရေကိုအေးအေးဆေးဆေးချိုးပါ။

၉။ ကိုယ်နှစ်သက်တဲ့ကော်ဖီဆိုင်သွားပါ။

၁ဝ။ နှလုံးခုန်နှုန်းမှန်စေဖို့ ဖြည်းဖြည်းပြေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်….။

၁။ တရားထိုင်ပါ။

၂။ ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို စာရင်းပြုစုထားပါ။

၃။ ရည်မှန်းချက်ပန်းတိုင်တွေကို စာရင်းပြုစုထားပါ။ ပန်းတိုင်တွေအတွက် လစဉ်၊ အပတ်စဉ်၊ နေ့စဉ် အဆင့်ဆင့်ဆောင်ရွက်ပါ။

၎။ ကြိုက်နှစ်သက်တဲ့သီချင်းတွေ နားထောင်ပါ။ ကပါ။ သီဆိုပါ။ သီချင်းစာသားတွေ လျှောက်အော်ပါ။

၅။ စာအုပ်ကောင်းတွေ ဖတ်ပါ။

၆။ မိသားစုနဲ့ အချိန်ကုန်ဆုံးပါ။

၇။ ရည်မှန်းချက်ပန်းတိုင်တွေကို ဖြည့်တင်းပေးမယ့် အရည်အချင်းတွေကို ဖြည့်တင်းပါ။ အသစ်အဆန်းတွေကို လေ့လာပါ။

၈။ ဖုန်းပိတ်ထားပါ။ (သို့) တစ်နေ့လုံး Social media မသုံးပါနဲ့။

၉။ Youtube ကနေ စိတ်ဓာတ်ခွန်အားဖြည့် video လေးတွေကြည့်ပါ။

၁ဝ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းစေမယ့် Social media ပေါ်က အကောင့်တွေကို Block (သို့) Ufollow လုပ်ပါ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့ မမေ့ကြပါနဲ့နော်။