လေးနက်လွန်းတဲ့ မိန်းကလေးတွေကို လူတွေ ဘာကြောင့် နားမလည်နိုင်ကြတာလဲ။

blank

လေးလေးနက်နက်သဘောထားတတ်တဲ့ မိန်းကလေးတွေဟာ မကြာခဏအထင်လွဲခံရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အများနဲ့ မတူဘဲ တမူထူးခြားနေလို့ပါ။ သူတို့ဟာ ကိုယ့်အပေါ် လူတွေရဲ့အမြင်ဘယ်လိုရှိမလဲဆိုတဲ့အပေါ်မှာ အချိန်မဖြုန်းတတ်ကြပါဘူး။ လေးနက်တဲ့ မိန်းကလေးတစ်ယောက်မှာ တွေ့ရတတ်တဲ့ အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လေးနက်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သေချာသိရှိထားတယ်။

သူတို့ဟာ ပြတ်သားတယ်။ ခေါင်းမာတယ်။ ရဲရင့်တယ်။ ကိုယ့်ကိုယ်ကိုယ် သဘောကျနှစ်သက်ပြီးတော့ ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်ဆိုင်တယ်ဆိုတာ နားလည်သဘောပေါက်ထားတယ်။ ကိုယ့်ဘဝကိုယ် ပိုမိုကောင်းမွန်လာအောင် ကြိုးစားတယ်။ သူတို့ဟာ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုကို တခြားသူတစ်ယောက်ကြောင့် ပြောင်းလဲပစ်မယ့်သူ မဟုတ်ပါဘူး။

၂။ လေးနက်တဲ့ မိန်းကလေးတွေမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။

သူတို့ရဲ့ ကြီးမြတ်တဲ့နှလုံးသားဟာ လူတိုင်းအပေါ်မှာ နားလည်မှုပေးနိုင်တယ်။ သူတို့ဟာ လူတွေရဲ့ကောင်းကွက်တွေကို မြင်ပေးတတ်တယ်။ သူတို့ဟာ ကိုယ်ချစ်ခင်ရတဲ့သူတွေအပေါ်မှာ အလွယ်တကူ လက်မလျှော့လိုက်တတ်ကြပါဘူး။ လက်လျှော့လိုက်မယ့်အစား သူတို့အတွက် အဆုံးထိ ရင်ဆိုင်တိုက်ခိုက်သွားတတ်ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ လေးနက်တဲ့ မိန်းကလေးတွေဟာ အရာအားလုံးအတွက် ခံစားတတ်ကြတယ်။

သူတို့ဟာ ပျော်ရွှင်တတ်ကြတယ်။ ဝမ်းနည်းတတ်ကြတယ်။ ကျေနပ်တတ်ကြတယ်။ နာကျင်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတတ်ကြတယ်။ စိတ်မလုံမခြုံလည်း ဖြစ်တတ်ကြတယ်။ သူတို့ဟာ စိုးရိမ်ကြောင့်ကျတတ်တယ်။ စိတ်အေးလက်အေးရှိတတ်ကြတယ်။ ပျင်းရိတတ်ကြတယ်။ စိတ်လှုပ်ရှားတက်ကြွတတ်ကြတယ်။ တခြားသူတွေရဲ့ ခွန်အားတွေ၊ ခံစားချက်တွေအပေါ်မှာလည်း ထပ်တူမျှဝေခံစားပေးနိုင်ကြတယ်။ ဒါကြောင့်ပဲ သူတို့ကို အရမ်းပိုလွန်းတယ်လို့ ထင်ကြတာပေါ့။

၎။ လေးနက်တဲ့မိန်းကလေးတွေဟာ အရူးအမူးလည်း ချစ်တတ်ကြပါတယ်။

သူတို့ဟာ ကိုယ့်ဘဝကိုယ် ချစ်မြတ်နိုးကြတယ်။ ကလေးတွေကိုလည်း ချစ်တတ်ကြတယ်။ သူတို့ဟာ အစားအသောက်၊ သီချင်း၊ တိရစ္ဆာန်လေး တွေအပေါ်မှာလည်း သဘောကျနှစ်သက်ကြပါတယ်။ ခရီးသွားရတာကိုလည်း မြတ်နိုးတယ်။ သူတို့ဟာ အကောင်းမြင်တတ်ကြသူတွေဖြစ်သလို သူတို့မျက်လုံးတွေဟာလည်း အမြဲပြုံးရယ်နေတတ်ကြပါတယ်။

၅။ လေးနက်တဲ့မိန်းကလေးတွေဟာ အတွေးလည်း လွန်တတ်ကြပါတယ်။

သူတို့ဟာ အရာအားလုံးကို တွေးတယ်။ စဉ်းစားတယ်။ ဖုံးကွယ်ထားတဲ့ အရာတွေနောက်မှာ ဘာရှိမလဲဆိုတာကို အမြဲစိတ်ဝင်စားနေတတ်ကြတယ်။ သူတို့ဟာ သင့်ကိုယ်သင်တောင်မှ သတိမထားမိတတ်တဲ့အရာတွေကို သတိထားမိတတ်ကြတယ်။ ဒါကြောင့်ပဲ အားလုံးက သူတို့ကို ထူးဆန်းတဲ့သူတွေလို့ ထင်သွားမိတတ်ကြတာပေါ့။ ဒါပေမဲ့ သူတို့အတွက်ကတော့ သူတို့ရဲ့လက်တွဲဖော်တွေက နားလည်နေသရွေ့ ကျန်တဲ့သူတွေ နားမလည်လည်း ကိစ္စမရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူတို့အတွက်လည်း နားလည်ပေးနိုင်မယ့် သူတစ်ယောက်သာ လိုအပ်တာမို့ပါပဲ။

စာချစ်သူတို့ကော ဒီလိုမျိုးအရာအားလုံးအပေါ် အလေးအနက်ထားတတ်တဲ့သူတွေလား…