“ကလေးမယူသေးဘူးလား”  ဆိုတဲ့ စကားကြောင့် အလောတကြီးနဲ့ ကလေးမယူပါနဲ့။

blank

အိမ်နီးနားချင်းအဒေါ်ရဲ့ “ကလေးမယူသေးဘူးလား”   ဆိုတဲ့ စကားကြောင့် အလောတကြီးနဲ့ ကလေးမယူပါနဲ့။

အကြီးလေးက ပျင်းနေရှာတော့မယ် ဆိုတဲ့ စကားကြောင့် ကလေးနောက်တစ်ယောက် ထပ်မယူလိုက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ယောက်ျားလေးချည်းပဲသုံးယောက် မွေးထားတာ မဟုတ်လား။ မိန်းကလေးကပဲ အမေအားကိုးရတာ မိန်းကလေးတစ်ယောက်လောက်မွေးဦး ဆိုတဲ့ အပေါ်ယံစကားတွေကြောင့် ကလေးထပ်မယူလိုက်ပါနဲ့။

အဲ့ဒီလိုပြောခဲ့တဲ့သူတွေဟာ သင်ကလေးရလာရင် ကူထိန်းပေးမယ့်သူတွေ၊ ထောက်ပံ့ပေးမယ့်သူတွေ၊ ပညာသင်ပေးမယ့်သူတွေ၊ လိမ္မာရေးခြားရှိပြီး လူပီသတဲ့ကလေးတွေဖြစ်အောင် ကူညီပေးမယ့်သူတွေ မဟုတ်ပါဘူး။

ကလေးတွေမွေးဖို့ ပါးစပ်လေးနဲ့ ဝေဖန်တိုက်တွန်းရတာ လွယ်ပေမယ့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက ခက်ပါတယ်။

မိဘဖြစ်ခြင်းဆိုတာ ဘယ်တော့မှမပြီးဆုံးတဲ့ တာဝန်တစ်ခုပါ။

အဲ့ဒီတာဝန်ကို ကိုယ့်အတွက်ရော ကလေးတွေ အတွက်ပါ အဆင်ပြေပြေဖြစ်အောင် ထမ်းဆောင်နိုင်ဖို့ တာဝန်လေးတွေကို စနစ်တကျ ရွေးချယ်ကြပါစို့နော်။

ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့မှာ(World Contraception Day) မိမိရဲ့ဘဝကို မိမိစိတ်ကြိုက် စီမံခန့်ခွဲနိုင်စေဖို့ ဂန္ထဝင်မှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်နော်….။