သီတင်းကျွတ်မှာ သင့်ကိုစောင့်နေတဲ့သူတွေရှိတယ်။

blank
Loy kratong festival Thailand. Asian women are Loy kratong on a boat in the lotus pond.

စာချစ်သူတို့ရေ….။

ဒီသီတင်းကျွတ်မှာ ဘာတွေလုပ်ဖို့ရှိလဲ။

သီတင်းကျွတ်အတွက် ဘယ်လိုအစီအစဉ်တွေ ချမှတ်ပြီးပြီလဲ။

သူငယ်ချင်းတွေနဲ့ ခရီးထွက်မယ် စိတ်ကူးနေလား။ ဒါမှမဟုတ် မရောက်ဖူးသေးတဲ့ နေရာတွေကို ရောက်အောင် သွားမယ်လို့ ကြုံးဝါးထားလား။ အလုပ်တွေမပြီးပြတ်သေးတာကို သီတင်းကျွတ်ပိတ်ရက်မှာ အပြတ်ဖြတ်ပစ်မယ်လို့ ဆုံးဖြတ်ထားပြီးပြီလား။ အသစ်တည်ဆောက်ထားတဲ့ မိသားစုတွေအတွက် အချိန်ပေးဦးမယ်လို့ ပိုင်းဖြတ်ထားတာလား။

ဒီသီတင်းကျွတ်ပိတ်ရက်မှာ အဲ့ဒီအစီအစဉ်တွေထဲက တစ်ခုခုကိုလုပ်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် သင့်ကိုသတိပေးချင်တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သီတင်းကျွတ်မှာ သင့်ကို စောင့်နေတဲ့သူတွေ ရှိတယ်ဆိုတဲ့အကြောင်းပါ။ အဲ့ဒီသူတွေဟာ

သင်ငယ်ငယ်က သင့်လက်ကို ဆွဲကိုင်ပြီး ပွဲဈေးကိုလိုက်ပို့ပေးခဲ့တဲ့

သင်လက်ညှိုးထိုးတဲ့အရာတွေကို ဝယ်ပေးပြီး သင့်ထက်ပိုပျော်နေခဲ့ကြတဲ့

မီးပုံးလှလှလေးတွေ ဝယ်ပေးရင်း သင်နဲ့အတူ သီတင်းကျွတ်ညတွေကို ကျော်ဖြတ်ခဲ့တဲ့

သင်ကြိုက်တဲ့ မြန်မာမုန့်လေးတွေကို လုပ်ကျွေးပြီး သင့်ရဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေကို ကျော်ဖြတ်ပေးခဲ့တဲ့ သင့်ရဲ့မိဘနှစ်ပါးပါ။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ သင့်လက်ကိုတဖြည်းဖြည်း လွှတ်ပေးလိုက်ရပေမယ့်၊ သင့်ဘဝတိုးတက်ရေးအတွက် သင့်ကိုတော်ရာမှာနေစေခဲ့ပေမယ့်၊ သင့်ကိုသတိရပေမယ့်လည်း သင်ပျံသန်းတာကို ကြည့်ပြီးပျော်နေတဲ့ မိဘတွေဟာ သီတင်းကျွတ်ရောက်တိုင်း အခန်းဝရံတာကနေ သင်အိမ်ပြန်လာရာလမ်းကို စောင့်မျှော်နေတယ်ဆိုတာ မမေ့ပါနဲ့။

တစ်နှစ်တာလုံးမှာ ဘဝအတွက် ကြိုးစားနေရဦးမယ်။ တိုးတက်အောင်မြင်ဖို့ ရုန်းကန်နေရဦးမယ်။ ဘဝရဲ့ ဝဲဂယက်တွေ ကြားမှာ တိုက်ခိုက်နေရဦးမှာပါ။ ဒါပေမဲ့ တစ်နှစ်တာလုံးမှာ ဒီလိုအချိန်မှာတော့ “ဒီနှစ်တော့ အိမ်မပြန်လာတော့ဘူးနော်” လို့ သင်ပြောတဲ့အခါ  “ရပါတယ်… အလုပ်ကအရေးကြီးပါတယ်” လို့ ပြောပေမယ့် သင့်ကိုမျှော်နေမယ့် မိဘတွေရဲ့ အိမ်ကိုရောက်အောင် ပြန်သွားပါ။

ဘာဖြစ်လို့လဲဆိုတော့ စောင့်မျှော်တဲ့သူရှိတဲ့ သင်ဟာ ကံကောင်းတဲ့သူမို့ပါ။ တချို့လူတွေမှာ သီတင်းကျွတ်ပိတ်ရက်တွေရှိပေမယ့် စောင့်ကြိုမယ့် မိဘတွေ မရှိတော့ပါဘူး။ မိဘအိမ်ဆိုတာရှိနေသေးပေမယ့် မိဘမရှိတော့ပါဘူး။

ဒီသီတင်းကျွတ်မှာ အိမ်ကိုရောက်အောင်သွားပါ။ သင့်ရဲ့ငယ်ဘဝသီတင်းကျွတ်ညတွေကို အလှဆင်ပေးခဲ့တဲ့သူတွေက သင့်အိမ်အပြန်လမ်းကိုမျှော်နေတယ်လေ။