ဆက်ဆံရေးကောင်းမွန်ပြီး ပျော်ရွှင်စရာဘဝကို ပိုင်ဆိုင်နိုင်စေဖို့

blank

၁။ ကိုယ်လိုချင်တဲ့ မေတ္တာပမာဏအတိုင်း သူများတွေကို မေတ္တာထားပါ။

၂။ အဆိုးမြင်တတ်တဲ့သူတွေကို ဝေးဝေးကနေရှောင်ပါ။

၃။ တစ်ဖက်လူပြောစကားတွေကို နားထောင်ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။

၎။ ချစ်ခင်ရတဲ့သူရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်တာမျိုး ရှောင်ကြဉ်ပါ။

၅။ တစ်ခါတစ်လေမှာ ကိုယ့်ဘဝအတွက်အရေးကြီးတဲ့သူဖြစ်ပေမဲ့လည်း ဦးစားမပေးနိုင်တဲ့ အခိုက်အတန့်တွေရှိတတ်တာကို သိထားပါ။

၆။ မိတ်ဆွေသစ်တွေ များများရှာဖွေမိတ်ဖွဲ့ပါ။

၇။ သူတစ်ပါးရဲ့ အောင်မြင်မှုတွေကို မုဒိတာပွားပါ။

၈။ ချစ်ခင်ရတဲ့သူတွေအပေါ် သစ္စာရှိပါ။

၉။ ဘယ်သူ့ကိုမှ ပြောင်းလဲပေးဖို့ မကြိုးစားပါနဲ့။

၁ဝ။ ဘယ်သူ့ကြောင့်မှလည်း သင့်ကိုယ်သင်မပြောင်းလဲပါနဲ့။

၁၁။ တစ်ဖက်သားကို နာကျင်ထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို ရှောင်ပါ။

၁၂။ လူချစ်လူခင်ပေါချင်ရင် ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။

၁၃။ အငြှိုးတွေ၊ အာဃာတတွေကို စွန့်လွှတ်ပြီး ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားပါ။

၁၄။ လူတိုင်းကို ညှာတာကြင်နာပါ၊ လေးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၅။ ချစ်ရတဲ့သူတွေကို ဝမ်းသာပျော်ရွှင်သွားစေမယ့် လုပ်ရပ်လေးတွေ လုပ်ပေးပါ။

၁၆။ တစ်ယူသန် ငြင်းခုံစကားတွေကို ရှောင်ကြဉ်ပါ။

၁၇။ အမှန်အတိုင်းပဲ ပြောပါ။ ဘာအကြောင်းကြောင့်မှ မညာပါနဲ့။

၁၈။ ကိုယ်ပြောတဲ့စကားကို တာဝန်ယူပါ။

၁၉။ ကိုယ့်ဘဝထဲမှာ ရှိနေဖို့ ထိုက်တန်တဲ့သူတွေကို လက်လွှတ်မဆုံးရှုံးရအောင် ကြိုးစားပါ။

ဒါဆိုရင် သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ ချစ်ရသူတွေကြောင့် စိတ်ပူပင်ရတယ်၊ နာကျင်ခံစားရတယ်ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာမဟုတ်ဘဲ ဆက်ဆံရေးတိုင်းမှာ အဆင်ပြေလွယ်ကူနေမှာပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။