ဘဝမှာ ဘာကိုလိုချင်တာလဲ။

blank

အအိပ်မက်တဲ့သူတွေက အာရုံဦးရဲ့အလှရဲ့ အရသာကို မမြည်းစမ်းနိုင်ဘူး။

တောင်ပေါ်က လှပတဲ့ရှုခင်းတွေကို အပင်ပန်းမခံနိုင်တဲ့သူက ကြည့်ခွင့်မရှိဘူး။

ကိုယ်လက်လှုပ်ရှားဖို့ပျင်းနေတဲ့သူတွေက ကျန်းမာခြင်းဆုလာဘ်ကို မရရှိနိုင်ဘူး။

ကြိုးစားဖို့ပျင်းရိတဲ့သူတွေက အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ခံစားခွင့်မရှိဘူး။

အတိတ်နွံထဲမှာ နှစ်မွန်းနေသူတွေဟာ ပစ္စုပ္ပန်ရဲ့ လှပမှုတွေကို ခံစားခွင့်မရှိဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အတွေးတွေထဲမှာ ပိတ်လှောင်မိနေတဲ့သူတွေဟာ လက်တွေ့ရဲ့ အဖိုးတန်မှုကို ပိုင်ဆိုင်ခွင့်မရှိဘူး။

ကြောက်ရွံ့ခြင်းတွေကို ဖက်တွယ်ထားတဲ့သူတွေက အောင်နိုင်ခြင်းကို ရယူခွင့်မရှိဘူး။

ရယူဖို့ချည်း စဉ်းစားနေတဲ့သူတွေက ပေးဆပ်ခြင်းရဲ့ ချိုမြိန်ခြင်းတွေကို စားသုံးခွင့်မရှိဘူး။

ဘဝမှာ သင်ဘာကိုလိုချင်လဲဆိုတာ သင့်ရဲ့ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။