ဝတ်ထားတဲ့ အဝတ်အစားကြောင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခံရနိုင်သလား။

blank

စာချစ်သူတို့ရေ….။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားမှုတွေ၊ မှုဒိမ်းမှုတွေ ဖြစ်လာခြင်းဟာ တစ်ဖက်မိန်းကလေးရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ထင်လား။ မိန်းကလေးတွေ အိမ်တွင်းအောင်းနေလိုက်မယ်ဆိုရင် အဲ့ဒီလိုအကြမ်းဖက်မှုတွေက လျော့နည်းသွားမယ်လို့ ထင်လား။ မိဘတွေက သားသမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ပေးနေနိုင်မယ်ဆိုရင်ကော အဲ့ဒီအကြမ်းဖက်မှုတွေက လျော့နည်းသွားမယ်လို့ထင်လား။
တကယ်တော့ စာချစ်သူတို့ရေ….။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုတွေ၊ အမြတ်ထုတ်မှုတွေ ကျူးလွန်ခံရတာတွေက ကျူးလွန်ခံရသူနဲ့ ဝတ်စားဆင်ယင်မှု၊ ကျူးလွန်ခံရတဲ့နေရာ တွေနဲ့ပဲ လုံးဝသက်ဆိုင်နေတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျူးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ အကျင့်စာရိတ္တနဲ့ ကျူးလွန်ဖို့အတွက် အားထုတ်ဖို့လွယ်ကူတဲ့ အခြေအနေတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ကျူးလွန်ခံရသူဟာ အင်အားနည်းနေတာမျိုး၊ ငြင်းဆန်ရကောင်းမှန်းမသိတာမျိုး၊ ကျူးလွန်သူက အင်အားကြီးပြီး အမြတ်ထုတ်စော်ကားဖို့ အားသာတဲ့ အခြေအနေမျိုးဖြစ်နေတယ်ဆိုရင်တော့ ဘယ်လိုအဝတ်အစားကိုပဲ ဝတ်ထားဝတ်ထား ကျူးလွန်ခံရခြေများပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်ဟာ မိဘတစ်ယောက်ဆိုရင် သင့်ရဲ့ကလေးတွေကို အိမ်ထဲက အိမ်ပြင်မထွက်ဖို့ပြောတာထက် ဘယ်အရာတွေက လက်ခံလို့ရတဲ့ အရာတွေ၊ ဘယ်အရာတွေက လက်ခံလို့မရတဲ့ အရာတွေ ဆိုတာကို ကလေးတွေသိအောင် ပြောပြထားပါ။ အဝတ်အစားတွေ လုံလုံခြုံခြုံ ဝတ်ဆင်ဖို့ ဆုံးမသလို ကိုယ့်ကိုယ်ကိုယ်ဘယ်လို ကာကွယ်ရမလဲ၊ အကူအညီတောင်းခံတတ်ဖို့ သင်ထားပေးပါ။

စာချစ်သူတို့ရဲ့ အမြင်လေးတွေကိုလည်း comment box မှာ မျှဝေပေးပါဦးနော်။