ဘဝအတွက် အထောက်အကူဖြစ်စေမယ့် ဒဿနလေးများ

blank

ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေနေရင်း လမ်းပျောက်တဲ့အခြေအနေတွေကို ရင်ဆိုင်နေရပြီလား။ ဒါဆိုရင်တော့ ဒီစာစောင်လေးကို အချိန်ပေးပြီး ဖတ်လိုက်ပါ။ စာချစ်သူတို့အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။

၁။ “ပျော်ရွှင်မှုဆိုတာ တိုက်ယူရတဲ့ တိုက်ပွဲတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြင်ဆင်ထားလိုက်ပါ။”

        – ကာ့ထ် ဗာ့နဂတ် (Kurt Vonnegut)

၂။ “ကိုယ် စိတ်ကူးသမျှ အရာအားလုံးဟာ အမှန်ဖြစ်လာပါတယ်။”

           – ပါ့ဘလို ပီကာဆို (Pablo Picasso)

၃။ “ပျော်ရွှင်မှုဆိုတာ ဝေမျှလိုက်လို့ လျော့သွားမယ့်အရာမဟုတ်ပါဘူး။”

  – ဗုဒ္ဓ

၎။ “အမှားတွေနဲ့ဘဝဟာ ဘာမှမလုပ်တဲ့ဘဝထက်တော့ ဂုဏ်ရှိပါတယ်။”

  –  ဂျော့ခ်ျ ဘားနတ်ရှော (George Bernard Shaw)

၅။ “ကိုယ့်အကျိုးအတွက် လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်သေရင် ပျောက်ဆုံးသွားမှာဖြစ်ပြီး အများအတွက်လုပ်ခဲ့တဲ့အရာတွေကသာ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့မှာပါ။”

ကာလူ နဒူကြီး ကာလူ (Kalu Ndukwe Kalu)

၆။ “စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပျော်ရွှင်ရဖို့ တကူးတကကြိုးစားနေစရာမလိုခြင်းပါပဲ။”

  – ချွင်းဆဲ (Chuang-Tse)

၇။ “ဒေါသထွက်လိုက်တဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်မှု စက္ကန့်ခြောက်ဆယ်စာစီ ဆုံးရှုံးနေပါတယ်။”

           –  ရာ့လ်ဖ် ဝါလ်ဒို အီမာဆန် (Ralph Waldo Emerson)

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ “တစ်နေ့တာ ၂၄ နာရီဆိုတာဟာ ကိုယ်တွေးချင်တာ အားလုံးတွေးနိုင်ဖို့၊ လျှောက်ချင်တဲ့လမ်းတွေ အားလုံးလျှောက်နိုင်ဖို့၊ ဖတ်ချင်တဲ့စာအုပ်တွေအားလုံး ဖတ်နိုင်ဖို့၊ တွေ့ချင်တဲ့သူငယ်ချင်းတွေ အားလုံးကို တွေ့နိုင်ဖို့အတွက် တိုတောင်းလွန်းပါတယ်။”

   – ဂျွန် ဘားရိုး (John Burroughs)

၉။ “ကံကြမ္မာက အကြောက်အရွံ့မရှိခြင်းကို ချစ်မြတ်နိုးပါတယ်။”

– ဂျိမ်းစ် ရက်ဆယ်လ် လိုဝဲလ် (James Russel Lowell)

၁ဝ။ “အခုခေတ်မှာ ဝမ်းနည်းစရာအကောင်းဆုံးကတော့ လူတွေထက် သိပ္ပံပညာက ဗဟုသုတတွေပိုမိုစုဆောင်းနိုင်လာတာပါပဲ။”

  – အစ်ဆက် အက်စီးမို့ဖ် (Issac Asimov)

ကိုယ့်ဘဝခံယူချက်တွေကို ပြောင်းလဲလိုက်နိုင်ဖို့အတွက် အကောင်းမြင်စိတ်ရှိပါ။ ရဲရင့်ပါ။ လက်ကမ်းမျှဝေလိုက်ပါနော်။

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။