ကြီးပွားချမ်းသာချင်ရင် ဒီလိုလူတွေနဲ့ပေါင်းသင်းပါ။

blank

လေ့လာတွေ့ရှိချက်တွေအရ လူတွေဟာ တစ်ယောက်ဆီကနေတစ်ယောက် ခွန်အားတွေ ကူးစက်ရယူနိုင်ကြတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေဟာ ကျွန်မတို့ရဲ့ ဘဝတွေကို တိုးတက်အောင်မြင်စေနိုင်ပါတယ်။ သူငယ်ချင်းကောင်းတွေက ကိုယ့်ဘဝကို ပုံဖော်ပေးပြီး ဘဝကို တိုးတက်စေနိုင်ပေမယ့် မကောင်းတဲ့သူငယ်ချင်းတွေကတော့ ပူဆွေးဝမ်းနည်းမှုတွေ၊ ဒုက္ခတွေပဲ ဆောင်ယူလာပေးနိုင်ပါလိမ့်မယ်။

ခင်မင်ရင်းနှီးမှုတွေဟာ တကယ်ပဲ အရေးကြီးပါတယ်။ ဘီလ်ဂိတ် (Bill Gates) ဟာ သူ့ရဲ့ ဟောပြောပွဲတွေမှာ ဝါရင်ဘက်ဖတ် (Warren Buffett) က သူ့ကိုအောင်မြင်မှုရဲ့ အဓိပ္ပာယ်အမှန်ကို ဖွင့်ဆိုနိုင်ဖို့ ဘယ်လောက်ကူညီခဲ့တယ်ဆိုတဲ့ အကြောင်း အမြဲပြောနေခဲ့ပါတယ်။ သူတို့ဟာ သူငယ်ချင်းဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီဖြစ်ပြီး ဘီလ်ဂိတ်က သူ့အောင်မြင်မှုအများစုဟာ ဝါရင်ဘက်ဖတ်နဲ့ ခင်မင်ရင်းနှီးမှုကြောင့်ပါလို့ ပြောလေ့ရှိပါတယ်။

ကိုယ့်ဆီမှာ ရှိနေတဲ့ အမူအကျင့်တွေအားလုံးဟာ ကိုယ်နဲ့ အများဆုံး အချိန်အတူတူကုန်ဆုံးဖြစ်တဲ့လူ ငါးယောက်ဆီကရတာပါတဲ့။

ယနေ့ခေတ်ရဲ့ သန်းကြွယ်သူဌေး ၇ဝ ရာခိုင်နှုန်းဟာ ပထမမျိုးဆက်တွေပါ။ သူတို့ရဲ့ ပိုက်ဆံတွေကို ဘိုးဘေးတွေဆီက အမွေရခဲ့တာမဟုတ်ဘဲ ကိုယ်ထူကိုယ်ထကြိုးစားခဲ့ရတာပါ။ သူတို့မှာ ငွေရှာနိုင်စွမ်းရှိတယ်။ စွန့်စားရဲတဲ့၊ စွန့်ဦးတီထွင်ရဲတဲ့ သတ္တိရှိပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်လို့သာ ကိုယ့်မှာ ကားအကြောင်းတွေပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိမယ်ဆိုရင် ကားတွေကို အလိုလိုကြိုက်နှစ်သက်လာမိပြီးတော့ ကိုယ့်ကားဟောင်းကို ကားသစ်နဲ့ လဲချင်လာမှာပါ။ တကယ်လို့ သူငယ်ချင်းဟာ အိမ်ခြံမြေတွေအကြောင်းပြောနေတတ်မယ်ဆိုရင် အိမ်ခြံမြေလုပ်ငန်းကို စီးပွားအသစ်အဖြစ် ချဲ့ထွင်ချင်လာမှာပါ။ လူတိုင်းကတော့ ကြီးပွားတိုးတက်ချင်ကြတာပါပဲ။ သူငယ်ချင်းတစ်ယောက်နဲ့ စီးပွားစပ်တူလုပ်ခြင်းဟာ ကိုယ့်ကို ဘာအန္တရာယ်မှ ဖြစ်စေနိုင်မှာမဟုတ်ပါဘူး။

စီးပွားရေးလုပ်ငန်းတွေအကြောင်းပဲပြောနေတတ်တဲ့သူငယ်ချင်းတွေနဲ့ ပေါင်းသင်းသင့်တဲ့အကြောင်းရင်းကတော့ ပိုကောင်းတဲ့စီးပွားရေးအခွင့်အလမ်းတွေရလာနိုင်ဖို့အတွက် ငွေဟာအဓိကကျလို့ပါပဲ။ ချမ်းသာဖို့၊ ပိုက်ဆံများများရှာနိုင်ဖို့ စီးပွားရေးလုပ်ငန်းတွေအကြောင်းပဲပြောဆိုနေတတ်တဲ့ သူငယ်ချင်းဟာ ကိုယ့်ဘဝကို ဆွဲချသွားမယ့်သူငယ်ချင်းတွေထက် အနာဂတ်ကို ပုံဖော်ပေးနိုင်ပါတယ်။

အောင်မြင်သူတွေနဲ့အတူတူထိုင်လိုက်ပါ။ စကားဝိုင်းဟာ ပြောင်းလဲသွားပါလိမ့်မယ်။

သင့်မှာကော ဒီလိုသူငယ်ချင်းတွေ ပိုင်ဆိုင်ထားပြီးပြီလား။