ခန္ဓာကိုယ်အချိုးအစားလှဖို့အရေးကြီးလား၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့က ပိုအရေးကြီးလား

blank

           ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ဆိုတာ ဘယ်လိုမျိုးလဲလို့ ကျွန်မ တစ်ခါတလေ စဉ်းစားမိပါတယ်။ ကျွန်မကတော့လေ စားချင်တာစား ဝမလာတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေလို့ ကံကောင်းနေပါတယ်။ ဒါပေမဲ့ ကိုယ့်အရှိတိုင်းခန္ဓာကိုယ်လေးနဲ့ မကျေနပ်နိုင်ဘဲ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်လေးဖြစ်ဖို့ကိုပဲ စိတ်အားငယ်စွာ ကျွန်မ တောင့်တနေမိတယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာ “perfect body လေးပါ” (သို့) “အကိတ်လေးပါ” စတဲ့ခေါင်းစဉ်တွေနဲ့ တခြားသူတွေရဲ့ဓာတ်ပုံများစွာကို တွေ့ကြရတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကို ပြည့်စုံမှုမရှိဘူးလို့ ကျွန်မတို့တွေထင်လာကြတယ်။ တခြားသူတွေနဲ့ယှဉ်ပြီး “ငါ့ဗိုက်က ချပ်လည်းမချပ်ဘူး” “ငါ့တင်ပါးတွေကလည်း ပြားနေလိုက်တာ” စတဲ့ အတွေးတွေက ကျွန်မတို့ကို စိတ်မသက်မသာဖြစ်စေပါတယ်။

တကယ်တော့ ကျွန်မတို့ခန္ဓာကိုယ်အတွက် လုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။ အခြားသူတွေလိုမျိုးဖြစ်အောင်ဆိုတာထက် ကိုယ့်ကျန်းမာရေးအတွက်ပဲ Gym သွားကစားသင့်တာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေကို ရပ်လိုက်သင့်ပါပြီ။ လူတိုင်းမှာ ကိုယ့်အလှတရားနဲ့ကိုယ် ရှိကြပြီးသားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရုပ်ပိုင်းဆိုင်ရာတွေထက် ဘဝအတွက်အဓိကကျတဲ့အရာတွေအပေါ်မှာပဲ ရှင်သန်ဖို့ကြိုးစားပါ။ အပြင်ပန်းအသွင်အပြင်ဆိုတာ ဘဝတစ်သက်တာလုံး ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး။

ကိုယ့်ရဲ့အရှိအတိုင်းခန္ဓာကိုယ်အချိုးအစားလေးကိုပဲ ချစ်နိုင်ကြပါစေနော်။

သင့်ကိုယ်သင် ကျေနပ်နေသူတစ်ယောက်ဆိုရင် ဒီစာစောင်လေးကို ဂုဏ်ယူစွာမျှဝေလိုက်ပါဦးနော်။