ပျော်ရွှင်ချင်လား။ ဒီလိုလူတွေကို ရှောင်ကြဉ်လိုက်ပါ။

blank

စာချစ်သူတို့ရေ…

ဘဝခရီးက တိုတိုလေးပါနော်။ ဒီတိုတိုလေးမှာ စိတ်ညစ်စရာတွေနဲ့ပဲ မပျော်မရွှင် ရှင်သန်သွားရမှာ နှမြောစရာ ကောင်းလှပါတယ်။ ဒါကြောင့် ပျော်ရွှင်ဖို့ဆို ဘာတွေလုပ်ကြမလဲ။

လေ့လာသူတွေကတော့ သင့်ဘဝထဲမှာ ဒီလူတွေကို ရှောင်ကြဉ်ဖို့ အကြံပြုထားကြပါတယ်။

၁။ သင့်ကို ခေါင်းရှုပ်စရာတွေပဲ အမြဲပေးတတ်သူ။

၂။ သင့်ကိုဝမ်းနည်းစေတာသိသိကြီးနဲ့ အဲ့ဒီအပြုအမူတွေကို ထပ်ခါတလဲလဲ ပြုလုပ်တတ်သူ။

၃။ သူ့ကိုပဲ အမြဲဦးစားပေးချင်ပြီး သင့်ကို ဦးစားပေးဖို့ ဘယ်တော့မှ သတိမရတတ်သူ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ ကိစ္စတစ်ခုခုဆိုရင် ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူတွေနဲ့ စိတ်လိုက်မာန်ပါ တုံ့ပြန်တတ်သူ။

တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ ခဏတာပဲ ကောင်းပါတယ်။ ရေရှည်ဆိုရင် သည်းခံနေရသူအဖို့ ဘဝမှာ ပျော်ရွှင်မှုတွေလည်း ဆိတ်သုဉ်းလာတော့မှာပါ။ ဒါကြောင့် သင်လည်း ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် အဲ့ဒီလိုလူတွေကို သင့်ဘဝထဲက ဖယ်ထုတ်ပစ်လိုက်ပါနော်။

သင်ကော ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်ထားပြီးပြီလား။