ဂျပန်မှာ ကလေးတွေကို စာဘယ်လိုသင်သလဲ။

blank

နိုင်ငံတစ်နိုင်ငံရဲ့ရေရှည်အနာဂတ်ဆိုတာ နောင်တက်လာမယ့် မျိုးဆက်တွေရဲ့ ထက်မြက်မှုတွေအပေါ် မှာ အဓိက မူတည်ပါတယ်။ တစ်နည်းအားဖြင့် ကလေးတွေဟာ အခြေခံပညာရေးစနစ်ကောင်းကောင်းရရှိဖို့ အ ရေးကြီးလှပါတယ်။ ဒီနေ့ ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၁ ကရပ်တည်နေတဲ့  ဂျပန်နိုင်ငံရဲ့ ပညာ ရေးစနစ်အကြောင်း မျှဝေပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဂျပန်ကျောင်းတွေမှာ ကလေးတွေဟာ ၄ တန်းမရောက်မချင်း ဘာစာမေးပွဲမှ မဖြေဆိုရပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ကျောင်းရဲ့ပထမ ၂ နှစ်ပန်းတိုင်က ကလေးတွေရဲ့ ဗဟုသုတနဲ့ သင်ယူမှုကို အကဲဖြတ်တာ မဟုတ်ဘဲ ကလေးတွေအတွက် အပြုအမူကောင်းတွေနဲ့ အကျင့်စရိုက်ကောင်းလေးတွေကို တည်ဆောက်ပေး တာမို့ပါ။ ဂျပန်ကျောင်းသားတွေဟာ ပညာမသင်ခင်မှာ အပြုအမူတွေကို အရင်သင်ကြားကြရပါတယ်။

သင်ကော ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်မျိုး ကမ္ဘာမှာ ပျံ့နှံ့သင့်တယ်လို့ မြင်ပါသလား။ ထင်မြင်ချက်လေး ကို comment box မှာ မျှဝေခဲ့ပါဦးနော်။