မိန်းကလေးတစ်ယောက်ရဲ့အတိတ်ကိုကြည့်ပြီး အကဲမဖြတ်လိုက်ပါနဲ့။

လူတိုင်းမှာတော့ အတိတ်ဆိုတာ ရှိခဲ့ဖူးကြတာပါပဲ။

မိန်းကလေးတိုင်းမှာလည်း အတိတ်တွေ ရှိနိုင်ကြပါတယ်။ တချို့တွေက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ခံစားခဲ့ကြဖူးတယ်။ တချို့တွေမှာက ရက်စက်တဲ့မိဘတွေရှိခဲ့တယ်။ တချို့တွေကျတော့ အပျိုပေါက်အရွယ် မှာ ပြဿနာလေးတွေ ရှိခဲ့တယ်။ တချို့တွေကျတော့ ကလေးဘဝမှာ  မိသားစုဝင်တစ်ဦးဦးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံရမှုတွေ ရှိခဲ့တယ်။ တချို့တွေမှာတော့ မလှပတဲ့ အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်။ တချို့ တွေက အချစ်အမည်ခံ ကျားမုဆိုးတွေရဲ့လိင်အကြမ်းဖက်မှုကို ခံခဲ့ရဖူးတယ်။ တချို့တွေမှာက အမျိုးသမီးဆိုင် ရာကျန်းမာရေးပြဿနာတွေ ရှိခဲ့ကြတယ်။ တချို့တွေက အကြမ်းဖက်ခံအချစ်ရေးထဲ ကျရောက်နေတယ်။ တ ချို့တွေက သူတို့ရည်းစားဟောင်းတွေရဲ့နှောင့်ယှက်ခြိမ်းခြောက်မှုတွေ ခံနေရတယ်။ တချို့တွေရဲ့ မိသားစုဘဝ တွေက မသာယာခဲ့ဘူး။ တချို့တွေက ကွာရှင်းထားကြတယ်။ တချို့တွေက အဝလွန်နေကြတယ်။ တချို့တွေ မှာ ငွေကြေးအဆင်မပြေဘူး။ တချို့က အရက်၊ မူးယစ်ဆေးစွဲခဲ့ဖူးကြတယ်။ တချို့တွေမှာဆိုရင် အထမမြောက် ခဲ့တဲ့ သေကြောင်းကြံစည်မှုတွေတောင် အတိတ်မှာ ရှိခဲ့ကြတယ်။

စာချစ်သူတို့ရေ…

အဲ့ဒီလိုအခြေအနေဆိုးတွေကို ရင်ဆိုင်ကျော်ဖြတ်လာပြီး ဒီနေ့မှာ…

  • မျက်ရည်စတွေ ခြောက်သွေ့နေပြီဖြစ်တဲ့
  • ဝမ်းနည်းမှုတွေကို အပြုံးတစ်ပွင့်နဲ့ ဖုံးကွယ်ထားနိုင်ပြီဖြစ်တဲ့
  • စိတ်ဓာတ်ကြံ့ခိုင်မှုအပြည့်နဲ့ မားမားမတ်မတ်ရပ်တည်နေပြီဖြစ်တဲ့
  • သူမရဲ့အနာဂတ်ဆီ စတင်လျှောက်လှမ်းနေပြီဖြစ်တဲ့

မိန်းမသားတစ်ယောက်ကို မြင်တဲ့အခါ ကျေးဇူးပြုပြီး သူမရဲ့ ဒဏ်ရာဟောင်းကို မတူးဆွလိုက်ပါနဲ့။ အကြမ်းဖက်မှုတွေနဲ့လည်း သူမကို ပိုနာကျင်အောင် မလုပ်လိုက်ပါနဲ့။ သူမအတွက် နည်းလမ်းကောင်းလေး တွေပေးပါ။ သူမနဲ့အတူ လျှောက်လှမ်းပေးပါ။ လျှောက်လှမ်းနေချိန်မှာ သူမရဲ့ လက်ကလေးတွေကို အားပေးမှု အပြည့်နဲ့ နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ။ အရာအားလုံး ကျော်လွန်ဖြတ်သန်းသွားနိုင်တဲ့ တစ်နေ့ကျရင် သင် ပေးလိုက်တဲ့ စိတ်ခွန်အားတွေ၊ နွေးထွေးမှုတွေ၊ ဖေးမကူညီမှုတွေက ပြိုလဲနေတဲ့ မိန်းမတစ်ယောက်ကို ဘယ် လောက်ထူမတ်ပေးလိုက်နိုင်လဲဆိုတာ အံ့အားသင့်လောက်စရာ တွေ့မြင်ရမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူမဟာ တခြားအိမ်ကလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သင့်အိမ်နီးချင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်သူ ငယ်ချင်းလည်း ဖြစ်နိုင်တယ်။ သင့်ညီမ၊ အစ်မလည်း ဖြစ်နိုင်တယ်။ သင့်ချစ်သူလည်း ဖြစ်နိုင်တယ်။ သင့်ဇနီး လည်း ဖြစ်နိုင်တယ်။ သင့်မိခင်လည်း ဖြစ်နိုင်တယ်။

ဘယ်သူပဲဖြစ်ဖြစ် သူမရဲ့အတိတ်ကြောင့်တော့ သူမကို အထင်သေး မနှိမ့်ချလိုက်ပါနဲ့။ သူမကို ဖေးမပါ။ ကြင်နာပါ။ သူမနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းတဲ့အနာဂတ်ကို လက်ဆောင်ပေးပါ။ အပေါ်ယံကြည့်ပြီး ဝေဖန်အကဲ ဖြတ်ဖို့သက်သက်သာသိတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဆန့်ကျင်ပြီး သူမရဲ့လက်တွေကို ဆုပ်ကိုင်ထားပေးပါ။ ပြီး တော့ သူမအမြဲတမ်းလိုချင်နေခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးအပ်လိုက်ပါနော်။

အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။