မိန်းမ.. မိန်းမဆိုတာ။

blank

၁။ အမျိုးသမီးတစ်ယောက်ရဲ့ ယုံကြည်အားကိုးမှုကို ရချင်တယ်ဆိုရင် တစ်ရက်ကို  (၁၅) စက္ကန့်လောက် ဖက်ထားပေးပါ။

၂။ သာမန်အမျိုးသမီးတစ်ယောက်ဟာ တစ်သက်တာလုံးမှာ နှုတ်ခမ်းနီ ၂ ကီလိုကနေ ၃ ကီလိုအထိ စားမိတတ်တယ်။

၃။ အမျိုးသမီးတွေဟာ ယောက်ျားလေးတွေထက် ကျို့ထိုးတဲ့အရေအတွက် နည်းပြီး ချွေးထွက်တာလည်း ယောက်ျားလေးတွေထက် နှစ်ဆလျော့ကြပါတယ်။

၎။ မိန်းကလေးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ယောက်ျားလေးတွေလောက် လျော့နည်းမလွယ်ဘူးတဲ့။ ဒါ့ကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တာပေါ့။

၅။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး အိပ်မက်ဆိုးတွေ မက်တတ်ကြတယ်။ သူတို့ရဲ့ အိပ်မက်တွေက သူတို့ကိုခြောက်လှန့်ရုံတင်မကဘဲ စိတ်ခံစားလွယ်အောင်လည်း ပြုလုပ်နိုင်တယ်တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၆။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ အကြိမ် (၃ဝ) ကနေ အကြိမ် (၅ဝ) အထိတောင် ငိုကြတယ်တဲ့လေ။ အမျိုးသားတွေကတော့ ၆ ကြိမ်ကနေ ၁၇ အထိပဲ ငိုတတ်ပါတယ်။

၇။ အမျိုးသမီးတွေဟာ တစ်ရက်ကို စကားလုံးပေါင်း နှစ်သောင်းကျော်ကို ပြောကြတယ်။ အမျိုးသားတွေကတော့ တစ်သောင်းသုံးထောင်ကျော်ပဲ ပြောကြတယ်တဲ့လေ။ ဒါပေမဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက် ၆ ဆ လောက်မုသားပြောတတ်တယ်ဆိုပဲ။

၈။ လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ ဘဝတစ်လျှောက်လုံးမှာ မှန်ကြည့်ဖို့ (၅) ရက်၊ ဘာဝတ်ရမလဲ စဉ်းစားဖို့ အချိန်တစ်နှစ် အသုံးပြုကြတယ်တဲ့။

၉။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မတော်တဆဖြစ်ပွားမှုနှုန်းတော့ လျော့ကြတယ်တဲ့။

သင်ကော… အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာတွေသိထားလဲ။ Comment box မှာ မျှဝေပေးပါဦးနော်။